မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Tuesday, December 4, 2012

လက်ပံတောင်းတောင်အရေး ထိခိုက်ဒဏ်ရာရ သံဃာတော်များအတွက် ဆရာတော် အရှင်ဆန္ဒာဓိက က ကျပ်သိန်း ၅၀ လှူဒါန်း.....

လက်ပံတောင်းတောင်အရေး ထိခိုက်ဒဏ်ရာရ သံဃာတော်များအတွက် ဆရာတော် အရှင်ဆန္ဒာဓိက က ကျပ်သိန်း ၅၀ လှူဒါန်း.....
=======================================

လက်ပံတောင်းတောင်အရေး ထိခိုက်ဒဏ်ရာရ သံဃာတော်များအတွက် ဆရာတော် အရှင်ဆန္ဒာဓိက က ကျပ်သိန်း ၅၀ ကို မုံရွာမြို့ ဇောတိကရာမကျောင်း တိုက်သိုီ့ဒီဇင်ဘာလ ၄ ရက်နေ့ (ယနေ့) လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

လက်ရှိ ဒဏ်ရာရ သံဃာတော်အပါး ၇၀ ကျော်တို့မှာ မန္တလေးဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိပြီး သံဃာတော်များအားစောင့်ရှောက်ပေးသည့် အဖွဲ့အစည်းများသို့ အဆိုပါ အလှူငွေကိုလွှဲပြောင်းပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ယနေ့ နံနက် ၉ နာရီခန့် က ဆရာတော် အရှင်ဆန္ဒာဓိက သည် မုံရွာမြို့ ဇောတိကရာမ ကျောင်းတိုက်သို့ရောက်ရှိပြီး ကျောင်းတိုက်အတွင်းဆေးကုသမှုခံယူနေသော သံဃာတော်များကို အားပေးစကားပြောကြား ခဲ့ကြောင်း သိရသည်။

Yangon Media Group
လက်ပံတောင်းတောင်အရေး ထိခိုက်ဒဏ်ရာရ သံဃာတော်များအတွက် ဆရာတော် အရှင်ဆန္ဒာဓိက က ကျပ်သိန်း ၅၀ လှူဒါန်း.....
==============================
=========

လက်ပံတောင်းတောင်
အရေး ထိခိုက်ဒဏ်ရာရ သံဃာတော်များအတွက် ဆရာတော် အရှင်ဆန္ဒာဓိက က ကျပ်သိန်း ၅၀ ကို မုံရွာမြို့ ဇောတိကရာမကျောင်း တိုက်သိုီ့ဒီဇင်ဘာလ ၄ ရက်နေ့ (ယနေ့) လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

လက်ရှိ ဒဏ်ရာရ သံဃာတော်အပါး ၇၀ ကျော်တို့မှာ မန္တလေးဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိပြီး သံဃာတော်များအားစောင့်ရှောက်ပေး
သည့် အဖွဲ့အစည်းများသို့ အဆိုပါ အလှူငွေကိုလွှဲပြောင်းပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ယနေ့ နံနက် ၉ နာရီခန့် က ဆရာတော် အရှင်ဆန္ဒာဓိက သည် မုံရွာမြို့ ဇောတိကရာမ ကျောင်းတိုက်သို့ရောက်ရှိပြီး ကျောင်းတိုက်အတွင်းဆေးကုသမှုခံယူနေသော သံဃာတော်များကို အားပေးစကားပြောကြား ခဲ့ကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ