မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Thursday, January 17, 2013

အချိန်တွေ ငွေတွေနှမြှောဖို့ကောင်းလိုက်တာ



     Cho Thanthar updated her status: "Cho Thanthar လွှတ်တော်မှာပြည်သူတွေဘဝတွေအေးချမ်းဖို့ဆွေးနွေးနေတယ် ထင်ခဲ့တာ ခုတော့အင်တာနက်က စာတွေလိုက်ဖတ်ပြီး အရေးယူဖို့ဆွေးနွေးတာဖြစ်နေတယ်။ (အချိန်တွေ ငွေတွေနှမြှောဖို့ကောင်းလိုက်တာ)" 
နာမည်ကြီးနေတဲ့ ဒေါက်တာဆိတ်ဖွားရဲ့ စာကိုမဖတ်ရသေးလို့ ဖတ်ချင်တယ်ဆိုလာသူများ အတွက် ဟောဒီမှာတင်ပေးလိုက်ပါဒယ်...
(နာမပါဝူးနော်... လစ်ဘီ....... ၀ှစ်)

└▶ ဥပဒေအထက်မှာ လွှတ်တော် ရှိနေသလား။

ဒီနေ့ကျင်းပတဲ့ လွှတ်တော်အစည်းဝေးတွေမှာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ကို ပြင်ဆင်တဲ့ ဥပဒေကြမ်း ကိစ္စ ဆွေးနွေးကြတယ် အခြေခံဥပဒေ ပုဒ်မ ၃၂၁ မှာ မူလပြဌာန်းထားတာက -

“နိုင်ငံတော်သမ္မတက ရွေးချယ်ထားသည့် အဖွဲ့ဝင် ၃ ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က ရွေးချယ်ထားသည့် အဖွဲ့ဝင် ၃ ဦးနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင် ၃ ဦး၊ စုစုပေါင်း ၉ ဦး၏ အမည်စာရင်းကိုလည်းကောင်း၊ ယင်းတို့အနက် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖြစ် ပါဝင်ပေးအပ်ရန် အဖွဲ့ဝင် ၁ ဦး၏ အမည်ကိုသော် လည်းကောင်း၊ ပြည်သူ့လွှတ်တော်သို့ တင်သွင်းလျက် သဘောတူညီချက် ရယူရမည် " လို့ဖြစ်တယ် ။

ဒါကိုလွှတ်တော်က အခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌအဖြစ် ဘယ်သူ့ကို ခန့်မယ်ဆိုတဲ့ဟာကို လွှတ်တော်ဥက္ကဋ္ဌ ၂ ယောက်နဲ့ နိုင်ငံတော် သမ္မတက ညှိနှိုင်းရွေးချယ်ပြီးတော့မှသာ နာမည်စာရင်း တင်ရမယ်လို့ ပြင်ထားတာ။

ဒါကိုသမ္မတက ခုလို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတာနဲ့ ဆန့်ကျင်တာ ကို ပြင်မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို လုပ်ထုံးလုပ်နည်းနဲ့အညီပြင်ပါ လို့ မှတ်ချက်ပြုထားတာ ။ဒါကိုလုပ်ထုံးလုပ်နည်းနဲ့အညီမလုပ်ပဲနဲ့ လွှတ်တော်မှာမဲခွဲပြီးပြင်တာ ။

အလားတူပဲ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းမှာလည်း နိုင်ငံတော်သမ္မတရဲ့သဘောထား မှတ်ချက် ကိုမဲခွဲဆုံးဖြတ်ပြီး ပယ်ပစ်လိုက်ကြပါတယ် ။

└▶ └▶ └▶ ဒီလုပ်ရပ်တွေဟာ ဥပဒေစကားနဲ့ပြောရရင် အခြေခံဥပဒေကို လေးစားလိုက်နာပါမည်လို့ ကျမ်းကျိန်ထားသူများက အခြေခံဥပဒေနှင့် မညီမှန်းသိလျှက်နှင့်တမင် အခြေခံဥပဒေကိုဖေါက်ဖျက်ကျူးလွန်လိုက်ကြတာပါ ...။

└▶ └▶ └▶ ခုလိုလုပ်နေရတာရှုပ်ပါတယ် ... အခြေခံဥပဒေထဲမှာ " အခြေခံဥပဒေကမည်သို့ပင်ဆိုစေ၊ မည်သို့ပင်ပြဌာန်းထားစေကာမူ လွှတ်တော်ဥက္ကဌများနှင့် အပေါင်းပါများက လွှတ်တော်တော်တွင်းမဲခွဲဆုံးဖြတ်ချက်သည် အတည်ဖြစ်သည် " ဆိုတာလေးပါ တခါတည်း ထည့်ပြင်လိုက်ကြပါလားဗျာ....

ဒေါက်တာဆိတ်ဖွား
└▶ http://doctorsatephwar.blogspot.com/2013/01/blog-post_4901.html?spref=fb

သတင်းစုဗူးမှ အဘ ဥက္ကာကိုကို တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
 
 
ဒေါက်တာဆိတ်ဖွားအား စုံစမ်းစစ်ဆေးအရေးယူ ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြု
----------------------------------------------------------------------------------------------------------------
နာမည်ကြီးအင်တာနက်ဆောင်းပါးရှင် ဒေါက်တာဆိတ်ဖွားအား ပြည်ထောင်စုလွှတ်တော်အားစော်ကား ရေးသားမှုဖြင့် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ကာ အရေးယူရန် ပထမအကြိမ်ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေးပဉ္စမနေ့တွင် အတည်ပြုခဲ့သည်။
ဆောင်းပါးရှင် ဒေါက်တာဆိတ်ဖွားရေးသားသော “ဥပဒေအထက်မှာ လွှတ်တော်ရှိနေသလား၊” ဆောင်းပါးသည် ၁၄.၁.၂၀၁၃ ရက်နေ့တွင် မဲခွဲဆုံးဖြတ်ခဲ့သည့် ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေကြမ်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေကြမ်းနှင့်ပတ်သက်၍ အများသဘောတူ ဆွေးနွေးဆုံးဖြတ်ခဲ့ခြင်း လုပ် ငန်းစဉ်များအပေါ် လွှတ်တော်ကိုယ်စားလှယ်များသည် စနစ်တကျစီစဉ်ဆောင်ရွက်ခြင်းမရှိဆိုသော အကြောင်း အရာကို ရေးသားထားခြင်းဖြစ်ကြောင်း၊ လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆောင်ရွက်ချက်များ ကို ဝေဖန်စော်ကားရေးသားထားသည့်အတွက် ပြည်သူများ ထင်ယောင်ထင်မှားဖြစ်မည့်အခြေအနေကိုမလိုလားသောကြောင့် အဆိုပါ ဆောင်းပါးရှင်အား ပြည်ထောင်စုလွှတ်တော်မှ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ ဆောင်ရွက်အရေးယူ ပေးပါရန် ကမာရွတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးရင်က အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့ခြင်းဖြစ်သည်။ အဆိုပါအဆိုကို လွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့ရာ မဲပေးခွင့်ရှိသူ ၅၈၈ ဦးအနက် ထောက်ခံမဲ ၃၄၇ မဲ၊ ကန့်ကွက်မဲ ၁၅၇ မဲ၊ ကြားနေမဲ ၄၂ မဲဖြင့် အဆိုကို အတည်ပြုခဲ့သည်။
 

ဥပဒေအထက်မှာ လွှတ်တော် ရှိနေသလား


ဒီနေ့ကျင်းပတဲ့ လွှတ်တော်အစည်းဝေးတွေမှာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ကို ပြင်ဆင်တဲ့ ဥပဒေကြမ်း ကိစ္စ ဆွေးနွေးကြတယ် အခြေခံဥပဒေ ပုဒ်မ ၃၂၁ မှာ မူလပြဌာန်းထားတာက -

“နိုင်ငံတော်သမ္မတက ရွေးချယ်ထားသည့် အဖွဲ့ဝင် ၃ ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင် ၃ ဦးနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင် ၃ ဦး၊ စုစုပေါင်း ၉ ဦး၏ အမည်စာရင်းကိုလည်းကောင်း၊ ယင်းတို့အနက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖြစ် ပါဝင်ပေးအပ်ရန် အဖွဲ့ဝင် ၁ ဦး၏ အမည်ကိုသော်လည်းကောင်း၊ ပြည်သူ့လွှတ်တော်သို့ တင်သွင်းလျက် သဘောတူညီချက် ရယူရမည် " လို့ဖြစ်တယ် ။

ဒါကိုလွှတ်တော်က အခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌအဖြစ် ဘယ်သူ့ကို ခန့်မယ်ဆိုတဲ့ဟာကို လွှတ်တော်ဥက္ကဋ္ဌ ၂ ယောက်နဲ့ နိုင်ငံတော် သမ္မတက ညှိနှိုင်းရွေးချယ်ပြီးတော့မှသာ နာမည်စာရင်း တင်ရမယ်လို့ ပြင်ထားတာ။

ဒါကိုသမ္မတက ခုလို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတာနဲ့ ဆန့်ကျင်တာကို ပြင်မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို လုပ်ထုံးလုပ်နည်းနဲ့အညီပြင်ပါ  လို့ မှတ်ချက်ပြုထားတာ ။ဒါကိုလုပ်ထုံးလုပ်နည်းနဲ့အညီမလုပ်ပဲနဲ့ လွှတ်တော်မှာမဲခွဲပြီးပြင်တာ ။
 အလားတူပဲ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းမှာလည်း နိုင်ငံတော်သမ္မတရဲ့သဘောထား မှတ်ချက် ကိုမဲခွဲဆုံးဖြတ်ပြီး ပယ်ပစ်လိုက်ကြပါတယ် ။

ဒီလုပ်ရပ်တွေဟာ ဥပဒေစကားနဲ့ပြောရရင် အခြေခံဥပဒေကို လေးစားလိုက်နာပါမည်လို့ ကျမ်းကျိန်ထားသူများက အခြေခံဥပဒေနှင့် မညီမှန်းသိလျှက်နှင့်တမင် အခြေခံဥပဒေကိုဖေါက်ဖျက်ကျူးလွန်လိုက်ကြတာပါ ...။

ခုလိုလုပ်နေရတာရှုပ်ပါတယ် ... အခြေခံဥပဒေထဲမှာ " အခြေခံဥပဒေကမည်သို့ပင်ဆိုစေ၊ မည်သို့ပင်ပြဌာန်းထားစေကာမူ လွှတ်တော်ဥက္ကဌများနှင့် အပေါင်းပါများက လွှတ်တော်တော်တွင်းမဲခွဲဆုံးဖြတ်ချက်သည် အတည်ဖြစ်သည် " ဆိုတာလေးပါ တခါတည်း ထည့်ပြင်လိုက်ကြပါလားဗျာ....

ဒေါက်တာဆိတ်ဖွား

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ