မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Sunday, January 20, 2013

ဘေးတိုက်ကန့်လန့်ရုံမကဘူး ဆွဲချပါ တတ်တဲ့ ဂဏန်း

ပင်လယ်ကမ်းစပ်မှာ လူတစ်ယောက် ဂဏန်းတွေ လိုက်ကောက်နေတယ်။ ကောက်သမျှ ဂဏန်းကောင်တွေ  ကို ပလိုင်းတစ်ခုထဲ ထည့်ထည့် ယူတယ်။ ဒါပေမယ့် အဲ့ ပလိုင်းမှာ အဖုံး အပိတ် မပါဘူး။ ဖွင့်ရက်သားကြီးပဲ။ 

ဒါကို လမ်းသွားရင်း လူငယ်တစ်ယောက် က တွေ့တော့ မေးတယ်။ "အကိုကြီး၊ ခင်ဗျား ဟာ က - ပလိုင်းပေါက်နဲ့ ဖားကောက်တယ် ဆိုတဲ့ စကားပုံလို၊ အဖုံးမပါ ဟာလာဟင်းလင်း ပလိုင်းကြီးနဲ့ ဂဏန်းတွေ လိုက်ကောက်နေရသလား၊ ထွက် မကျ ကုန်ဘူးလား" 

ဂဏန်းကောက်သူ က ပြန်ဖြေတယ်။ "ညီ။ မင်း ဂဏန်းတွေ အကြောင်း မသိပဲကိုးကွ။ ဂဏန်းတွေ ဆိုတာ အပေါ်ထွက်ပေါက် တစ်ခုရလို့၊ တစ်ကောင်က လုယက် တက်ရင် နောက် တစ်ကောင် ကလည်း လိုက်ပြီး အလုအယက် တက်တယ်။ လုတက်တယ် ဆိုကတည်းက အောက်တစ်ကောင်က အပေါ် တစ်ကောင်ကို သူ့လက်တွေနဲ့ ချိတ်ယူပစ်တာ၊  ဆွဲချပစ်တာရယ်။ အဲ့လိုနဲ့ တစ်ကောင်နဲ့ တစ်ကောင် တက်ရင်း၊ ချိတ်ရင်း ကြိုးပမ်းရင်းက တစ်ကောင် ကို တစ်ကောင် က ဆွဲချ နေကြပါရော။ စိတ်ချသာနေ ငါ့ညီ။ ဘယ် ကောင်မှ ပလိုင်းထဲက ထွက်မလာနိုင်ကြဘူးပဲ။ ဒီ ပလိုင်းဖုံးကို အေးဆေးသာ ဖွင့်ထား။ ဂဏန်း ဆိုတဲ့ အမျိုးဟာ သူတို့ ကိုယ်တိုင်သာ အပေါ်မရောက်ဘဲ ရှိမယ် - "ဆွဲချ" နေရာမှာ အင်မတန် သန်ကြတယ်။" 
.............................
အမှတ်တရ မန္တလေး ပုံပြင်
.............................
Jan 20th 2012 at 11:18 PM

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ