မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Friday, January 11, 2013

NLD ပါတီဝင်မှ ခြိမ်းခြောက်ပြောဆိုမှုကြောင့် အရန် မီးသတ်တပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာ သို့ တိုင်ကြားမှု ဖြစ်ပေါ်

http://sphotos-g.ak.fbcdn.net/hphotos-ak-snc7/394954_462213887176535_864350072_n.jpg

NLD ပါတီဝင်မှ ခြိမ်းခြောက်ပြောဆိုမှုကြောင့် အရန် မီးသတ်တပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာ သို့ တိုင်ကြားမှု ဖြစ်ပေါ်
Thursday, 10 January 2013 ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ ည ၈ နာရီ အချိန်ခန့် မြိတ်မြို့  ကလွင် ကျေးရွာအုပ်စု စုံခေါင်းရှားတောဝရပ်ရှိ အရန်မီးသတ်တပ်ဖွဲ့ မီးသတ် တပ်စု ရုံးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ရပ်ရွာလုံခြုံရေး ကိစ္စရပ်များ အတွက် အစည်းအဝေးပြုလုပ်နေစဉ် NLD ပါတီဝင် စိုးငယ် (ခ) ရန်နိုင်စိုး အစည်းအဝေးခန်းသို့ ရောက်ရှိလာပြီး အစည်းအဝေးမှတ်တမ်း တွင် ရေးသားထားသော မှတ်တမ်းစာအုပ်များကို အတင်းဆွဲယူဖတ်ရှူခြင်း၊ “ ဒီအစည်းအဝေးက ဘာအစည်းအဝေးလဲ” ၊ “ NLD ပါတီ အာဏာနှင့် ပြောလို့ ရရင် ရ မရရင် လူအင်အားနှင့် လာရောက်မည် ” ဟု အရန် မီးသတ် တပ်စုရုံးအတွင်း ၀င်ရောက် ကာ ခြိမ်းခြောက်စော်ကားပြောဆိုခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ NLD ပါတီဝင် စိုးငယ် (ခ) ရန်နိုင်စိုး ခြိမ်းခြောက်စော်ကားပြောဆိုမှု များကြောင့် အစည်းအဝေး ပျက်သွားကြောင်းသိရှိရ သည်။ မီးသတ် တပ်ဖွဲ့ဝင်များအနေဖြင့် မိမိရပ်ရွာ အေးချမ်းသာယာရေးအတွက် အစည်းအဝေးပြုလုပ်ရခြင်းသာဖြစ်ပြီး အခုလို NLD ပါတီဝင် တစ်ဦးမှ ပါတီ နာမည်ဖြင့် ခြိမ်းခြောက်ပြောဆိုမှုများ စော်ကားပြောဆိုမှုများကို မီးသတ် တပ်ဖွဲ့ဝင် များမှ မကျေနပ်ကြသဖြင့် စိုးငယ် (ခ) ရန်နိုင်စိုး အား ထိရောက်သော အရေးယူမှုများပြုလုပ်ပေးနိုင်ရန် သက်ဆိုင်ရာ အဖွဲ့ အစည်း အသီးသီးသို့ တရားဝင်စာများပို့ကာ တိုင်ကြားထားကြောင်း သတင်းရရှိပါသည်။ စိုးငယ် (ခ) ရန်နိုင်စိုး (၃၇)နှစ် (ဘ) ဦးခင်ဝင်း သည် NLD ပါတီ ရှမ်းချောင်းဝန်ထမ်း ရပ်ကွက် အလုပ်အမှုဆောင်အဖွဲ့ တစ်ဦး ဖြစ်ပြီး မြို့ နယ် ညီလာခံ ကိုယ်စားလှယ် တစ်ဦးဖြစ်ကြောင်း သိရှိရသည်။

Ko Thantun

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ