မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Saturday, February 2, 2013

တတိယမ္ပိ ပေးဆပ်ခြင်း

‎(၂၉/၁/၂၀၁၃) ရက် တနင်္လာနေ့ တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ ဧည့်အသင်းသူ တစ်ဦးဖြစ်သူ Miss Myanmar မနန်းခင်ဇေယျာသည် နာရေးကူညီမှုအသင်း(ရန်ကုန်) သို့လာရောက်၍ နာရေးလမ်းကြောင်း လိုက်ပါပို့ဆောင် ပေးဆပ် ကုသိုလ်ယူခဲ့သည်။ ကွယ်လွန်သူမှာ ဒေါ်စန်းကြွယ် (၇၃)နှစ်ဖြစ်ပြီး အဆိုပါနာရေးလမ်းကြောင်းအား (၂၈/၁/၂၀၁၃)နေ့ ညနေကမှ မလေးရှားခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသော နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ ဥက္ကဋ္ဌ ဖြစ်သူ ဦးကျော်သူ ကိုယ်တိုင် နိဗ္ဗာန်ယာဉ် မောင်းနှင်ကာ မနန်းခင်ဇေယျာ မှ ဈာပန ကော်မတီအဖြစ် လိုက်ပါ၍ တာမွေမြို့နယ် နတ်ချောင်းရပ်ကွပ်နေအိမ်မှ ရေဝေးသုသာန်သို့ ပို့ဆောင်ကူညီ သဂြိုလ်ပေးခဲ့သည်။ မနန်းခင်ဇေယျာသည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏နာရေးလမ်းကြောင်းလိုက်ပါပို့ဆောင်ကူညီမှုများတွင် ပါဝင်ပေးဆပ်ခဲ့သည်မှာ ယခုတစ်ကြိမ်နှင်ဆိုလျှင် သုံးကြိမ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ “အနိမ့်ကျဆုံးသော ကုသိုလ် အလုပ်မျိုးကို အမြင့်မြတ်ဆုံး နှလုံးသားရှိသူတို့ သာလုပ်ဆောင်နိုင်ကြသည်” ဟူသော မန္တလေးမြို့ တောင်စလင်း ကျောင်တိုက်ဆရာတော် ဦးတိက္ခ၏ သြဝါဒ ဆောင်ပုဒ်အရ မနန်းခင်ဇေယျာသည် အနိမ့်ကျဆုံးသော ကုသိုလ် အလုပ်ကို အမြင့်မြတ်ဆုံး နှလုံးသားဖြင့် စေတနာ ထား၍ လုပ်ဆောင်ခဲ့နိုင်ပြီ ဖြစ်လေသည်။ ယခုကဲ့သို့အနုပညာအလုပ်များ၊ မိမိ၏ ဧည့်လမ်းညွှန်အလုပ်များ မအားလပ်သည့် ကြားမှ ယခုလို မွန်မြတ်လှသောပရဟိတလုပ်ငန်းများတွင်ပါဝင်ပေးဆပ်နေခြင်းအတွက်နာရေးကူညီမှုအသင်း(ရန်ကုန်)မှ “တတိယမ္ပိ ပေးဆပ်ခြင်း” အတွက် အများပြည်သူကိုယ် စား မုဒိတာ ပွားလိုက်ရပေသည်။တတိယမ္ပိ ပေးဆပ်ခြင်း (6 photos)

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ