မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Wednesday, February 27, 2013

“ဒီချုပ် အေ့ဒ်စ်ဂေဟာ လူနာမဆံ့တော့၍ အသစ်ထပ်မံတည်မည်”

Posted by AF in ကျန်းမာရေး သတင်း

၂ဝ၁ဝ ခုနှစ် နေအိမ်အကျယ်ချုပ် လွတ်မြောက်ပြီး ရက်ပိုင်းအကြာတွင် တောင်ဒဂုံရှိ AIDS ဂေဟာသို့ သွားရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် HIV/AIDS ပြုစုစောင့်ရှောက်ရေးဂေဟာများ၌ လူနာများလာသည့်အတွက် အနည်းဆုံး လူဦးရေ ၃ဝဝ ဆံ့သည့် ဂေဟာအသစ် ထပ်မံ ဆောက်လုပ်သွားမည်ဟု ၄င်းစင်တာမှ မနန္ဒာလင်းက ပြောသည်။
အဆိုပါဂေဟာအသစ် ဆောက်လုပ်ပြီးစီးပါက လက်ရှိ တောင်ဒဂုံ နှင့် မြောက်ဒဂုံတို့တွင် ဖွင့်လှစ်ထားသော HIV/AIDSဂေဟာနှစ်ခုမှ လူနာများကို ယင်းဂေဟာအသစ် သို့ ပြောင်းရွှေ့ခေါ်ဆောင်သွားမည်ဟု ၄င်းက ပြောသည်။
”အခု အဲဒီနေရာနှစ်ခုမှာ အဆင်မပြေတော့ဘူး၊ လူနာကလည်း များလာတယ်။ လူနာတွေ ကျပ်နေပြီး အုပ်ချုပ်ရတာလည်း ဟိုဘက်သွား၊ ဒီဘက်သွားနဲ့ဆိုတော့ လူနာ သစ် လာရင်လည်း ထားစရာ နေရာမရှိတော့ဘူး”ဟု မနန္ဒာလင်း က ဆိုသည်။
ဂေဟာသစ် ဆောက်လုပ်ရန် မြေနေရာအဖြစ် အရှေ့ဒဂုံဘက်ရှိ ပေ ၄ဝ xပေ ၆ဝ မြေကွက် ၄ ခု ကို မေတ္တာရှင် ဆရာတော်အရှင် ဇဝနက လှူဒါန်းထား ကြောင်း ၄င်းက ပြောသည်။
ဂေဟာအသစ်အဖြစ် သုံးထပ်ဆောင် ဆောက်လုပ်မည်ဖြစ်ပြီး လူနာအသစ်များရော အဟောင်းများပါ ၄င်းနေရာတွင်ပင် တစ်စုတစ်စည်းတည်း ထားမည်ဟု ၄င်းက ပြောသည်။
တောင်ဒဂုံဂေဟာတွင် လူဦး ရေ ၁၈ဝ နှင့် မြောက်ဒဂုံတွင် လူ ၉ဝ နီးပါးစောင့်ရှောက်ထားပြီး ART ဆေးပေးထားသော လူနာ ၁ဝဝ ခန့်ရှိသည်ဟု ၄င်းက ပြောသည်။
လက်ရှိ တောင်ဒဂုံဂေဟာကို ၂ဝဝ၄ ခုနှစ်နှင့် မြောက်ဒဂုံဂေဟာ ကို ၂ဝဝ၉ ခုနှစ်ခန့်ကစ၍ ဖွင့်လှစ် ထားခြင်းဖြစ်ကြောင်း၊ ဂေဟာအသစ် အတွက် ကုန်ကျစရိတ် ကျပ်သိန်း သုံးထောင်ကုန်ကျမည်ဟု ခန့်မှန်းထားပြီး ကျပ်သိန်း ၁၆ဝ ခန့်အလှူ ငွေရရှိနေပြီဖြစ်ကြောင်း၊ လှူဒါန်းလို ပါက ကမ္ဘောဇ(၂)လမ်း၊ အိမ်နံပါတ် ၃၇၆၊ ၁၈(B)ရပ်ကွက်၊ တောင်ဒဂုံ ဖုန်းနံပါတ် ၅၆၉၃၄၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ၄င်းက ပြောသည်။

မြတ်စုငြိမ်း

အေးချမ်းမွန်မှ Popular Myanmar News Journal တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ