မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Monday, February 18, 2013

အများသဘောမတူသော အဆောက်အဦးကိစ္စ ၈၈နှင့် သံဃာနှစ်ပါး ညှိနှိုင်းပေး

ရန်ကုန်၊ ဖေဖော်ဝါရီ၊ ၁၈။ ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ (၃)မာန်ပြေ ရပ်ကွက်၌ အများသဘောမတူသော အဆောက်အဦးအား ၁၇ရက်နေ့တွင် စည်ပင်မှတာဝန်ရှိသူများက ဖျက်သိမ်းပေးသော်လည်း အပြီးတိုင် မဖျက်သိမ်းသောကြာင့် ဒေသခံပြည်သူများက မကျေနပ်၍ ယနေ့ညနေတွင် ယင်းလမ်းသို့ ရောက်ရှိလာကြပြီး အပြီးသတ်ဖျက်သိမ်းပေးရန် တောင်းဆိုနေကြသောကြာင့် ၈၈မျိုးဆက်ကျောင်းသားများနှင့် သံဃာတော်နှစ်ပါး လာရောက်ညှိနှိုင်းခဲ့ကြသည်။ ထိုသို့မဖြေရှင်းမီတွင် ဒေသခံများက အဆောက်အဦးအား ကိုယ်တိုင်ဖျက်လိုကြသောကြောင့် ရဲတပ်ဖွဲ့ဝင်များက တားဆီးထားရပြီး ရဲများနှင့် ဒေသခံအချင်းချင်း ပဋိပက္ခအနည်းငယ် ဖြစ်ပွားခဲ့ကြသည်။ ဒေသခံများက အဆောက်အဦး လက်ကျန်အား ဖျက်သိမ်းပေးရန် တောင်းဆိုသော်လည်း တာဝန်ခံ၍ ဖြေရှင်းပေးမည့်သူ မရှိသောကြောင့် ယခုကဲ့သို့ ပြဿနာ အနည်းငယ် ရှိခဲ့ခြင်း ဖြစ်သည်ဟု တောင်းဆိုနေသူများက ပြောကြသည်။ ယခုအခါ အဆိုပါ အဆောက်အဦးအား ပြင်ဆင်ဆောက်လုပ် ထားသော လက်ကျန်များကို ဖျက်သိမ်းပြီး မူလ အဆောက်အဦးအား တရားဥပဒေ နည်းလမ်းအရ ဖြေရှင်းသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများနှင့် ၈၈မျိုးဆက် ကျေုာင်းသားများက ပြောကြသည်။ ထိုအဆောက်အဦးသည် စည်ပင်မှ အမိုးပြင်ဆင်ရန် ခွင့်ပြုခဲ့သော်လည်း အဆောက်အဦးတစ်ခုလုံး ပြင်ဆင်ခြင်း၊ ဘာသာရေးစာသင်ကြောင်းဟု ဆိုသော်လည်း တစ်နေ့သုံးကြိမ်ဝတ်ပြုခြင်း စသောအချက်များကြောင့် ဒေသခံများက ကန့်ကွက်ကြခြင်းဖြစ်ကြောင်း သိရသည်။ ယခုအခါ ယင်းအဆောက်အဦးအား သက်ဆိုင်ရာမှ ခွင့်မပြုမချင်း ဆက်လက်မဆောက်ရန် တားမြစ်ထားသော ဆိုင်းပုဒ်အား ကပ်ထားသည်ကိုလည်း တွေ့ရသည်။ထိုကဲ့သို့ တောင်းဆိုမှုများသည် ည(၁၂)နာရီခန့်၌ ပြေလည်သွားကြပြီ ဖြစ်သည်။ အောင်သိုက်

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ