မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Monday, March 4, 2013

တံတားနီ အောက်မေ့ဘွယ်အခမ်းအနား နှင့် မြန်မာနိုင်ငံမှာ ရောက်ရှိလာမည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုဌေးကြွယ်နဲ့ တွေ့ဆုံဆွေးနွေးပွဲ



Picture
မတ်လ (၁၆) ရက်နေ့မှာ ကျင်းပပြုလုပ်မည့် တံတားနီ အောက်မေ့ဘွယ်အခမ်းအနား နှင့် မြန်မာနိုင်ငံမှာ ရောက်ရှိလာမည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်
တဦးဖြစ်သူ ကိုဌေးကြွယ်နဲ့ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားတို့ကိုတက်ရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
မနက်ပိုင်း အခမ်းအနား -- တံတားနီအောက်မေ့ဘွယ် အခမ်းအနားကို မင်္ဂလာရာမကျောင်းတိုက်တွင် အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွားပါမည်။

အချိန် - နံနက် ၆း၃၀ - ၉း၀၀
နေရာ - 1708 Powder Mill Road, Silver Spring, MD 20903
အစီအစဉ် - နံနက် ၆း၃၀ -- ဆရာတော်များအား အာရုဏ်ဆွမ်း ကပ်လှူခြင်း။ 
                နံနက် ၈း၀၀ -- ၁၉၈၈ မတ်လ ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေး အရေးတော်ပုံ လှုပ်ရှားမှုတွင် အသက်ပေး တိုက်ပွဲဝင်သွားခဲ့ကြသူများအား အောက်မေ့ဘွယ် ဆုတောင်းမေတ္တာပို့ တရားတော် နာကြားခြင်း။

ညနေပိုင်း အခမ်းအနား --  ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်နဲ့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနား

မြန်မာနိုင်ငံမှ အမေရိကန်ပြည်ထောင်စုသို့ လေ့လာရေးခရီးအဖြစ် ရောက်ရှိလာမည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုဌေးကြွယ် က လက်ရှိ မြန်မာ့အရေး (နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး) အပြောင်းအလဲ

အခြေအနေများကို သုံးသပ်တင်ပြပြီး နဲ့ မြန်မာမိသားစုဝင်များနဲ့ ပွင့်ပွင့်လင်းလင်း မေး-ဖြေ ဆွေးနွေးသွားပါမည်။

အချိန် - ညနေ ၅း၃၀ - ၈း၃၀
နေရာ - 12920 Twinbrook Parkway, Rockville, 20851

လေးစားစွာဖြင့်

စီစဉ်လှုံဆော်သူများ
DC..MD..VA

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ