မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Wednesday, April 17, 2013

မကွေးမြို့တွင် မီးလောင်မှု ဖြစ်ပွား ။

မကွေးမြို့တွင် မီးလောင်မှု ဖြစ်ပွား ။
************************
မကွေးမြို့အောင်စေတနာ ၁ လမ်းနှင့် ၂ လမ်းကြားရှိ အမေထွား ပဲဂိုဒေါင် တွင် ယနေ(၁၇-၄-၁၃) နေ့ နေ့လည် ၂း၃၀ နာရီခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။ မီးလောင်မှုဖြစ်ပွားစဉ် မြို့ပေါ်မှမီးသတ်ကားများပါ မကျန် မင်းဘူးမီးသတ်ကားများ၊ ထောက်ရှာပင်မီးသတ်ကားများ၊ဆည်မြောင်းရေသယ် ဘောင်ဆာကားများ၊ အခြားရေဘောက်ဆာကားများ လာရောက်ငြိမ်းသတ်ခဲ့ရာ ညနေ ၃း၃၀ နာရီ အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး သံဃာတော်များ၊မြို့ခံပြည်သူများ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ကြသည်။ မည်သို့စတင်လောင်ကျွမ်းသည်ကိုမသိရှိရ သေးပါ။နှစ်ဆန်း၁ရက်နေ့ဖြစ်နေသောကြောင့်အလုပ်သမားများမရှိဟုသိရှိရပါသည်။

သတင်း/ဓါတ်ပုံ
Nyi Moon

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ