မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
▼
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း မိုးကြိုးထိမှန်ပြီး လူ ငါးဦး သေဆုံး
Sunday, April 14, 2013
ကရင် ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း ဧပြီလ ၁၃ ရက်နေ့ (သင်္ကြန်
အကြိုနေ့) ညနေ ၆ နာရီ မိနစ် ၃၀ အချိန့်ခန့်က မိုးရွာသွန်း၍ လေပြင်းတိုက်
ခိုက်မှုများ ဖြစ်ပေါ်ခဲ့ကာ မိုးကြိုးပစ်မှုများကြောင့် မိုးကြိုးထိမှန်ပြီး လူငါးဦး
သေဆုံးခဲ့သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်း ထုတ်ပြန်ခဲ့ပါသည်။
ပထမဖြစ်စဉ်မှာ ဧပြီလ ၁၃ ရက်နေ့ ညနေ ၆ နာရီ မိနစ် ၃၀ အချိန်ခန့်
က ကော့ကရိတ်မြို့နယ် ကော့ဝါလဲကျေးရွာရှိ ဒေါ်မူတူး၏ နေအိမ်ကို
မိုးကြိုးထိမှန် ခဲ့ခြင်း ဖြစ်ကာ မိုးကြိုးထိမှန်မှုကြောင့် နေအိမ်အတွင်း
အိပ်ပျော်နေသော ဒေါ်မူတူး၏ သမီးဖြစ်သူ နော်အေးခိုင် (အသက် ၁၈) နှစ်သည်
နေအိမ်ခန်းအတွင်း သေဆုံးခဲ့ပြီး ဒေါ်မူတူးမှာ ထုံကျင် ဒဏ်ရာများ
ရရှိခဲ့သည်ဟု သိရသည်။
ထို့အတူ ဧပြီလ ညနေ ၆ နာရီ ၃၅ မိနစ်အချိန်တွင် ကော့ဖော်ရွာနေ မောင်
ထွန်း (အသက် ၂၅) နှစ်နှင့် ကိုအေးမင်းသန်း (အသက် ၂၅နှစ်) တို့ နှစ်ဦး
သည် ရွာတောင်ဘက် ရေတွင်း၌ ရေချိုးနေစဉ် မိုးကြိုးထိမှန်ပြီး သေ
ဆုံးခဲ့ကြောင်း သိရပါသည်။
ထို့အပြင် သရက်တော ကျေးရွာနေ ဒေါ်အေးမာ (အသက် ၄၈နှစ်) မှာလည်း ရွာအနောက်ဘက်
လယ်ကွင်း၌ နွားသိမ်းနေစဉ် မိုးကြိုး ထိမှန် သေဆုံးခဲ့ပြီး ဧပြီလ ၁၃ ရက်နေ့
ညနေ ၆ နာရီ ၃၅ မိနစ် အချိန်မှာပင် ရေပူကြီး ကျေး
ရွာနေ မနန်းသဲစုခိုင်
(အသက် ၁၆ နှစ်) သည်လည်း ထမင်းချက်နေစဉ် မိုးကြိုး ထိမှန်ပြီး
သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ Facebook စာမျက်နှာ ရဲဇာနည်တွင်
သတင်း ဖော်ပြထားချက်အရ သိရှိရပါသည်။
ထို့အပြင် ဧပြီလ ၁၃ ရက်နေ့ ညနေ ၆ နာရီ ၃၅ မိနစ် အချိန်က ဖြစ်ပေါ်
ခဲ့သော လေပြင်းတိုက်ခတ် မိုးရွာသွန်းမှုနှင့် မိုးကြိုးပစ်မှု ကြောင့်
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အမှတ်(၂)ရပ်ကွက်၊ စည်ပင်ဈေးအနီးရှိ
ဆုတောင်းပြည့်စေတီ၏ ထီးတော် အနောက်ဘက်သို့ ၅ ဒီကရီခန့်
တိမ်းစောင်းသွားခဲ့ပြီး ကျုံဒိုးမြို့အမှတ်(၁) ရပ်ကွက်၊ ကျုံဒိုးမီးပုံး
ပျံပွဲပြုလုပ်သည့် ဒုံးစင်၏ နောက်ခံအုတ်တံတိုင်းလည်း ပြိုလဲသွား
ခဲ့ကြောင်း သိရသည်။
ထို့အတူ ကျုံဒိုးမြို့ အမှတ်(၂) ရပ်ကွက်နှင့် အမှတ် (၃) ရပ်ကွက် အတွင်းရှိ
အိမ်ခြေအချို့အလဲ ယိုင်နဲ့ ပြိုလဲခြင်းများ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။
Eleven Media Group
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ