မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Saturday, April 13, 2013

ဘာလီတွင် တန်ဖိုးနည်း လေကြောင်းလိုင်း Lion Air ခရီးသည်တင်လေယာဉ် ပင်လယ်ထဲထိုးဆင်း၊ လူ ၄၅ ဦး ဒဏ်ရာရ

Sunday, April 14, 2013

ခရီးသည် ၁၀၀ ကျော်တင်ဆောင်လာသော တန်ဖိုးနည်း လေကြောင်းလိုင်း Lion Air ၏ လေယာဉ်တစ်စင်းသည် ဧပြီ လ ၁၃ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အပန်းဖြေစခန်း ဘာလီကျွန်းတွင် မြေပြင်သို့ ဆင်းသက်ရန် ကြိုးပမ်းစဉ် ပင်
လယ်တွင်းသို့ ထိုးဆင်းသွားခဲ့ရာ လူ ၄၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူ
များက ပြောကြားခဲ့သည်။

ခရီးသည် ၁၀၁ ဦးလုံးနှင့် လေယာဉ်အမှုထမ်း ၇ ဦးလုံးကို လေယာဉ်တွင်း
မှ ဘေးအန္တရာယ်ကင်းစွာ ကယ်တင်နိုင်ခဲ့ကြောင်း ဘာလီ ကယ်ဆယ်ရေး
အေဂျင်စီ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဒဏ်ရာရရှိခဲ့သော ခရီးသည် ၄၅ ဦးကို ဆေးရုံများသို့ တင်ပို့ထားပြီး တစ်ဦးတစ်ယောက်မျှ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ဖွယ်မရှိကြောင်း အမည်မဖော်လိုသော လေဆိပ် ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့
သည်။

ယင်းလေယာဉ်ပေါ်တွင် စင်ကာပူနိုင်ငံသားနှစ်ဦးနှင့် ပြင်သစ်တစ်ဦး
သာ နိုင်ငံခြားခရီးသည်အနေနှင့် လိုက်ပါလာခဲ့ပြီး ၎င်းတို့ သုံးဦးစလုံး ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့သည်။

လေယာဉ်သည် ပြေးလမ်းချော်ကာ ပင်လယ်တွင်းသို့ ထိုးကျခဲ့ကြောင်း တာဝန်ရှိသူများက အစောပိုင်းတွင် ပြောကြားခဲ့သော်လည်း Lion Air လေကြောင်းလိုင်းမှ ပြောခွင့်ရပုဂ္ဂိုလ်က လေယာဉ်သည် ပြေးလမ်း
သို့ မရောက်မီ ပင်လယ်တွင်းသို့ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သတင်း
စာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ လေယာဉ်ပျက်ကျချိန်တွင် မိုးအနည်းငယ် ရွာသွန်းနေခဲ့ကြောင်း သိရသည်။

ပျက်ကျခဲ့သော လေယာဉ်သည် ပြီးခဲ့သည့်လက ရရှိထားခဲ့သော ဘိုးအင်းလေယာဉ် ၇၃၇-၈၀၀ လေယာဉ်ဖြစ်ပြီး ယုံကြည်စိတ်ချရမှု သတ်မှတ်ချက် ရရှိထားကြောင်း ပြောခွင့်ရပုဂ္ဂိုလ် အက်ဒ၀ပ်ဆီ
ရတ်က ပြောကြားခဲ့သည်။ စီးပွားရေး ဖွံ့ဖြိုးနေပြီး လေကြောင်းခရီးသွား
လာမှု မြင့်တက်လာသော အင်ဒိုနီးရှားတွင် Lion Air သည် ဈေးကွက်ဝေစု၄၅ ရာခိုင်နှုန်းခန့်ကို ရရှိထားသည့် လေကြောင်းလိုင်းတစ်ခုဖြစ်သည်။ Lion Air သည် ပြီးခဲ့သည့်လက အဲဘတ်စ်လေယာဉ် ၂၃၄ စင်းကို ၀ယ်ယူရန် ဒေါ်လာ ၂၄ ဘီလျံ သဘောတူညီချက်လက်မှတ် ရေးထိုးခဲ့သည်။

Ref:AP
Eleven Media Group

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ