မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
▼
ဦးနေမျိုးဇင်ကို အကြည်ညိုပျက်စေမှုဖြင့် ပြစ်ဒဏ်ချ
မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်မှ နိုင်ငံရေးအကျဉ်းသားဟောင်း
ဦးနေမျိုးဇင်ကို ယနေ့ နေ့လယ်ပိုင်းက ပန်းတနော် မြို့နယ် တရားရုံးက ပုဒ်မ
၅၀၀ နှင့် တရား စွဲဆိုထားမှုအပေါ် ဒဏ်ငွေ ၂ သောင်း သို့မဟုတ် ထောင်ဒဏ် ၃ လ
ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။ မကြာသေမီက ဧရာဝတီတိုင်း
ပန်းတနော်မြို့နယ်မှ လယ်သမားများအရေး ကူညီပေးစဉ် ဒေသခံ ရဲတပ်ဖွဲ့ဝင်များက
၎င်းအား အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၀ ဖြင့် ပန်းတနော် တရားရုံးတွင် အမှုဖွင့်
တရားစွဲဆိုထားခြင်းဖြစ်သည်။ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်က ဒဏ်ငွေ
မဆောင်ဘဲ ထောင်ဒဏ် ၃ လ ကျခံမည်ဟု တရားသူကြီးကို ပြောဆိုခဲ့ကြောင်း သိရသည်။
"ဒဏ်ငွေ ၂ သောင်းတော့ မဆောင်ပါ၊ ထောင် ၃ လ ကျခံဖို့ပဲ ရွေးချယ်လိုက်ပါတယ်"
(ဦးနေမျိုးဇင်ကို အကြည်ညိုပျက်စေမှုဖြင့် ပြစ်ဒဏ်ချ)
မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်မှ နိုင်ငံရေးအကျဉ်းသားဟောင်း
ဦးနေမျိုးဇင်ကို ယနေ့ နေ့လယ်ပိုင်းက ပန်းတနော် မြို့နယ် တရားရုံးက ပုဒ်မ
၅၀၀ နှင့် တရား စွဲဆိုထားမှုအပေါ် ဒဏ်ငွေ ၂ သောင်း သို့မဟုတ် ထောင်ဒဏ် ၃ လ
ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
"ဒဏ်ငွေ ၂ သောင်းတော့ မဆောင်ပါ၊ ထောင် ၃ လ ကျခံဖို့ဘဲ ရွေးချယ်လိုက်ပါတယ်" လို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ဧရာဝတီကို ပြောပါတယ်။
အခုလို ဦးနေမျိုးဇင်က ထောင်ဒဏ်ကိုသာ ရွေးချယ်လိုက်ပေမယ့် အပြီးသတ် ဘယ်လို
အမိန့်ချမလဲ ဆိုတာနဲ့ပတ်သက်လို့တော့ တရားသူကြီးတွေက ရုံးခန်းထဲ ခတ္တ
ပြန်ဝင်သွားတဲ့အတွက် မသိရသေးပါဘူး။
မကြာသေးမီက ပန်းတနော်မြို့နယ်က
လယ်သမားတွေကို သွားရောက်ကူညီရင်း ဒေသခံ ရဲတပ်ဖွဲ့ က အကြည်ညိုပျက်စေမှု
ဆိုတဲ့ ပုဒ်မ ၅၀၀ နဲ့တရားစွဲဆိုထားတာကနေ ဒီကနေ့ အမိန့်ချမှတ်လိုက်တာဖြစ်
ပါတယ်။
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ