မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Friday, May 3, 2013

မြေကြီးက ရွှေသီးစေတဲ့ အမျိုးသမီးစွမ်းဆောင်ရှင် ဒေါ်သန်းသန်းဆွေနဲ့ တွေ့ဆုံခြင်း။

 သက်တမ်းနှစ်(၂၀)ကျော်ကြာ စစ်အစိုးရအုပ်ချုပ်ရေးကာလရဲ့ ဒီဘက် အစိုးရသစ် လက်ထက် ၂၀၁၃ခုနှစ် ဧပြီလ (၃၀)ရက်နေ့က နေပြည်တော်မှာ နိုင်ငံတော်သမ္မတကြီးမှ ပထမဆုံးအကြိမ်ချီးမြှင့်တဲ့ နိုင်ငံစွမ်းဆောင်ဆုတစ်ဆုဖြစ်တဲ့ ထုတ်လုပ်မှုအကောင်းဆုံး အသေးစားစီးပွားရေးလုပ်ရှင်ဆုကို ထူးထူးခြားခြား မန္တလေးမြို့ အမျိုးသမီးစွမ်းဆောင်ရှင် တစ်ဦးဖြစ်တဲ့ ဒေါ်သန်းသန်းဆွေ (သဇင်နွယ်ရောင်းဝယ်ရေးကုမ္ပဏီလီမိတက်)က ရရှိခဲ့ပါ တယ်။ ဒေါ်သန်းသန်းဆွေနဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်များကို ဖော်ပြလိုက်ပါတယ်။ 

မေး  - မင်္ဂလာပါ အန်တီ ဆုရရှိတယ်ကြားလို့ ၀မ်းသာဂုဏ်ယူပါတယ်။ ဆုရရှိခဲ့ပုံ ကို ပြောပြပေးပါအုံး။

ဖြေ  - သမ္မတကြီးက ဒီဆုကို ပေးမယ်ဆိုတာ ဒီနှစ်မှာ စကြေငြာလိုက်တာ အသင်း အဖွဲ့တွေရော၊ ဆုပေးမယ့်ကြားလို့ သရက်သီးအစုအဖွဲ့အနေနဲ့ သွားတင် ပေမယ့် ရုံးကသတ်မှတ်တဲ့ အချက်အလက်တစ်ချို့ကြောင့်ကုမ္ပဏီအနေနဲ့ တင်ခဲ့  ရတယ်။

မေး  -  အန်တီတို့ သဇင်နွယ်ရောင်းဝယ်ရေးကုမ္ပဏီ ရှင်သန်ဖြတ်သန်းခဲ့တဲ့အကြောင်း   လည်း သိပါရစေ။

ဖြေ  - သဇင်နွယ်ရောင်းဝယ်ရေးကုမ္ပဏီဟာ မြန်မာသရက်သီးကို ပြည်တွင်းမှာ ကိုယ်တိုင်စိုက်ပျိုးပြီး ပြည်တွင်းမှာသာမက တရုတ်၊ စင်္ကာပူ၊ ထိုင်း စသည်တဲ့ နိုင်ငံတွေကိုလည်း Export တင်ပို့ရောင်းချလျှက်ရှိပါတယ်။ သရက်ယို၊ သရက်ပြင်များကိုလည်း ခေတ်မီနည်းပညာသစ်များနဲ့ သန့်ရှင်းသပ်ရပ်စွာ ထုတ်ပိုးရောင်းချလျှက်ရှိပါတယ်။ လုပ်ငန်းစတင်ချိန်က အမျိုးသမီးလုပ်သား ဦးရေး ၂၀နဲ့ စတင် လည်ပတ်ခဲ့ရာမှာ ယခုအချိန်မှာ အမျိုးသမီးလုပ်သားဦးရေ ပိုမိုတိုးမြှင့် ခန့်ထားပြီး လုပ်ကိုင်လျှက်ရှိပါတယ်။ 

မေး  - ဘာကြောင့် ဒီဆုကို ရရှိခဲ့တယ်လို့ ထင်ပါသလဲ။

ဖြေ  - အန်တီတို့က သရက်သီးနဲ့ ပတ်သက်လို့ ကိုယ်တိုင်စိုက်တယ်၊ ပျိုးတယ်၊ ပြည်တွင်းမှာ လုပ်တယ်။ ပြည်ပကို ဖြန့်တယ်၊ Export  လုပ်တယ် အဲဒီအတွက် ကြောင့် အလုပ်သမားတွေ အလုပ်အကိုင်အခွင့်အလမ်းရရှိတယ်။ ဒါကြောင့်မို့ ဒီဆုကို ရရှိတယ်လို့ ထင်ပါတယ်။

မေး  - ဒီလုပ်ငန်းကို ဦးဆောင်လုပ်ကိုင်တဲ့အခါ အန်တီကို တွန်းအားပေးတဲ့ အချက် တွေနဲ့ အန်တီ သဘောထားတွေ ပြောပြပေးပါအုံး။

ဖြေ  - တွန်းအားပေးခဲ့တာ သုံးချက်ရှိတယ်။ ပထမအချက်ကတော့ သမ္မတကြီးက ဒီလို လုပ်ကိုင်နေတယ်။ ဆင်းရဲမွဲတေမှုလျော့ချရေးဆိုတဲ့ စီမံကိန်းကို အန်တီအနေနဲ့ သိပ်သဘောကျတယ်။ ဒုတိယတစ်ချက် အန်တီတို့က တောင်သူဖြစ်နေတဲ့ အတွက် ကိုယ်တိုင်မလုပ်ရင် ဘာမှရလာမှာမဟုတ်ဘူးလေ။ တတိယအချက်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတာတို့က အစလုပ်ချင်တယ်။ အဓိက ကတော့ ပညာဖြန့်တာပေါ့။ မြန်မာ့စိုက်ပျိုးရေး၊ စီးပွားကူးသန်း၊ FMA ၊ FAO အဖွဲ့တွေ ရယ် တောင်သူတွေနဲ့ ၀ိုင်းလုပ်ကြရင်း အဓိက ကတော့ Advanic Technorlogy တွေရလာတယ်။ အဲဒီလိုမျိုး ပညာတွေဖြန့်တယ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတာတွေ စိတ်ဝင်စားရင်း၊ လုပ်ရင်း၊ ဒီလိုတွန်းအားပေးတာတွေ ဖြစ်လာတာပေါ့။ အဲဒီတော့ အမျိုးသမီးတွေ ထိုင်နေ၊ စိတ်အားငယ်နေလို့ ကတော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး။ တစ်တပ်တစ်အားနဲ့ ၀င်ပြီးကူညီ လုပ်ဆောင်ကြရင်း ဒီတိုင်းပြည်ဟာ တိုးတက်ဖွံ့ဖြိုးလာဖို့ တကယ်အလား အလာရှိပါတယ်။

မေး  - သရက်သီးထုတ်လုပ်တင်ပို့မှုနဲ့ ပတ်သက်ပြီး အတွေ့အကြုံနဲ့ ရှေ့ဆက် ဘယ်လိုမျှော်လင့်ရည်မှန်းထားသလဲဆိုတာ သိပါရစေ။

ဖြေ  - လူကြီးတွေက လုပ်တော့ လုပ်ပေးပါတယ်။ မန္တလေးတိုင်းကနေ မန္တလေး လေဆိပ်ကနေ ပို့ပေးမယ့်လို့ မနှစ်ကတည်းက အစီအစဉ်ဆွဲထားတယ်။ ဒါပေမယ့် ပို့လိုမရသေးဘူး။ ဟိုမှာ ရှိတဲ့ ရုံးသမားတွေက အဆောက်အဦးတွေ အဆင်သင့် မဖြစ်သေးဘူးလေ။ အဲဒီတော့ အသီးတွေကို နေပူထဲမှာ ထားရတယ်။ အဲဒါလေးတွေက ပစ္စည်းတွေကို အရည်အသွေး လျော့ကျ သွားစေတဲ့ အချက်တစ်ချက်ပါ။ ၂၀၁၅မှာဆိုရင် Aseian Free Trade Agneement ရောက်လာတော့မယ်။ အန်တီတို့ ဘာမှ အခွန်ဆောင်စရာမလိုတော့ဘူး။ စာရွက်တွေဘဲလိုမယ်။ GAB လို Global GAB  လိုမျိုးတွေလိုမယ်။ Certificate ဆိုတဲ့ စာရွက်တွေလိုမယ်။ အဲဒါတွေပါရင်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ အခွန်ဆောင်စရာမလိုဘဲ တရားဝင် လုပ်လို့ရမယ်။ ဒါပေမဲ့ အန်တီတို့ မြန်မာနိုင်ငံမှာ GAB ဆိုတာ မရှိသေးဘူး။ ထုတ်မပေးနိုင် သေးဘူး။ အဲဒီတော့ အခုပဲ ၂၀၁၃ရောက်နေပြီး ကပ်နေပြီ၊ ၂၀၁၅ဆိုဘယ်လို လုပ်မလဲ။ 

 ဒေါ်သန်းသန်းဆွေဟာ သရက်စိုက်တဲ့ တောင်သူဖြစ်တဲ့အတွက် သရက်သီး နဲ့လည်း နိုင်ငံဝင်ငွေကို တိုးရစေချင်တယ်လို့ဆိုပါတယ်။ မထင်မှတ်ပဲ သမ္မတကြီး ချီးမြှင့်တဲ့ နိုင်ငံ့ စွမ်းဆောင်ရည်ဆုကို ရရှိခဲ့တော့ ကိုယ့်ပခုံးပေါ်မှာ တာဝန်တစ်ရပ် ပေးလိုက် သလိုမျိုး အလုပ်လုပ်လို့ ရခဲ့တဲ့ဆုဆိုတော့ ပိုပြီးအလုပ်လုပ်ရမယ်လို့ ယူဆထားတယ်လို့ ပြောပါတယ်။ ပွင့်လင်း မြင်သာတဲ့ တိုင်းပြည်ဖြစ်လာပြီး တိုးတက်ပြောင်းလဲ လာတဲ့ တိုင်းပြည်အပေါ် အုပ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ပါဝင်သွားမယ်ဆိုတဲ့ အကြောင်းကို ဒေါ်သန်းသန်းဆွေက မြန်မာဓိက အား ရင်းနှီးပွင့်လင်းစွာ ပြောပြခဲ့ပါတယ်။ 

ခင်ဘုန်းဝေဇော် တွေ့ဆုံမေးမြန်းသည်။

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ