MOETHIHAAUNG
မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
(Move to ...)
မည်သူမဆိုလွတ်လပ့်စွာကူးယူနှိင်သည်။
Members of the Burmese community protest outside the Toronto Star office
Fear, loathing and lies in Rakhine state
This is racism, not Buddhism
Shedding light on Myanmar’s sectarian strife
▼
Wednesday, May 29, 2013
ငြိမ်းချမ်းရေး ဆွေးနွေးနေကြပြီ ဆိုတော့
.........................
----------------------------------------------
U Win Cho
ဦးဇင်း ဦးပဏ္ဍိတာနန္ဒ ရယ် ကျနော်ရယ်၊ကိုစည်သူရယ် ဦးဆောင်တဲ့ ရန်ကုန်-လိုင်ဇာ လမ်းလျှောက်သူများဟာ ကချင်စစ်ပွဲ ဖြစ်ခဲ့တဲ့ နေရာတွေကို ဖြတ်ကျော် လျှောက်လာခဲ့ရင်း နှစ်ဖက်စစ်တပ်တွေ ပစ်ခတ်ထားခဲ့တဲ့ ကျည်ဆံ(ခွံ)တွေ ကောက်လာခဲ့ကြပါတယ်။ (တော်ဝင်နှင်းဆီ´မှာသတင်းစာရှင်းလင်းပွဲ တုန်း က `အပုံလိုက်´ပြခဲ့ပြီးပါပြီ)
အဲဒီ ကျည်ဆံ(ခွံ )တွေ ကောက်လာခဲ့တယ် ဆိုတဲ့ အကြောင်း ၊ကျည်ဆံ(ခွံ)တွေနဲ့ ဗုဒ္ဒရုပ်ပွားတော် သွန်းလောင်းဘို့ စိတ်ကူးထားတဲ့ အကြောင်း `လိုင်ဇာ´ ရောက်စဉ်က ပြောဖြစ်ခဲ့တော့ ဒေသခံ ဗုဒ္ဒဘာသာဝင်များက(အများစုက ခရစ်ယန်)`လိုင်ဇာ´ကို ပြန်ပင့်နိုင်ရင် ပင့်ခဲ့ဘို့ တောင်းဆိုကြပါတယ်။
အခု ကျည်ဆံ(ခွံ)တွေကို ကျိုပြီး သွန်းလောင်းထားတဲ့ ရုပ်ပွား ဆင်းတုတော် ပြီးခါနီးပါပြီ။`ရောင်တော်ဖွင့်´တဲ့ အဆင့်ရောက်နေပြီ လို့ (ကျနော်အပ်ထားတဲ့ ) မန္တလေး ၊မဟာမြတ်မုနိ ဘုရားကြီးဝင်း၊ဗောဓိပင် စောင်းတန်း၊ဦးဖဲ နိဗ္မါန်ကုန်ဆိုင်(ဖုံး၀၉-၂၉၅၁၄၅၃) က အကြောင်းကြားလာပါတယ်။
တကယ်တော့ နှစ်ဖက်တပ် တွေ အပြန်အလှန် ပစ်ခတ်နေကြစဉ်က ဒီကျည်ဆံတွေကြောင့် ထိခိုက် ဒဏ်ရာရသူတွေ၊သေကြေပျက်စီးသူတွေ ရှိမှာပါဘဲ။ အဲဒီအတွက် ဒီကျည်ဆံတွေကို မုန်းတီးကြမယ်၊ကြောက်ရွံ့ကြမယ် ဆိုရင်လည်း ဖြစ်နိုင်ပါတယ်။ အခု......ဒီကျည်ဆံ(ခွံ)တွေနဲ့ ကျနော်တို့ ဗုဒ္ဒ ဆင်းတုတော် တစ်ဆူ သွန်းလောင်းနိုင်ခဲ့ပြီ။ အရင်က ပြည်သူတွေ မုန်းတီး၊ကြောက်ရွံ့တဲ့ ကျည်ဆံ(ခွံ) တွေကို ပြည်သူတွေ ကိုးကွယ် အားထားဘို့အတွက် ဗုဒ္ဒရုပ်ပွား ဆင်းတုတော် အဖြစ်ပြောင်းလဲနိုင်ခဲ့ပြီ။နှစ်ဖက် လက်နက်ကိုင်တွေကို ပြည်သူတွေ ကြောက်ရွံ့၊မုန်းတီးနေရာ က ချစ်ခင်၊လေးစားလာတဲ့ အထိ ပြောင်းလဲသွားတာကိုလည်း ကျနော်တို့ မြင်ချင်ပါတယ်။
U Win Cho
shared
Mg Mg
's
photo
.
ကျနော်တို့ ကျည်ဆံခွံ တွေနဲ့ သွန်းလောင်းထားတဲ့ ဆင်းတုတော် ´အဘယ မုနိ´ပုံတော် ၊ဗုဒ္ဒဂယာ `မူ´ပါ။ လာမည့် ဇွန်လ (၃)ရက် (၄) ရက်နေ့လောက်ဆိုရင် ရောင်တော်ဖွင့် အပြီး လို့ မှန်းထားပါတယ်။ မိတ်ဆွေ အပေါင်းတို့ ခင်ဗျား။ ကျနော် မန္တလေးကို ဇွန်လ (၅) ရက်နေ့ ရောက်ပါမယ်။ မန္တလေးက ကျနော့် မိတ်ဆွေများ၊ဆရာတော်၊သမားတော်မျ
ားနှင့် တိုင်ပင်ပြီး အကြံဥာဏ်ယူ၊ ဗုဒ္ဒဘိသေက အနေကဇာတင် ခြင်းကို မန္တလေးမှာဘဲ လုပ်ဆောင်ပါမယ်။ ပြီးရင် ကချင်ပြည်နယ် လိုင်ဇာ အထိ `ဒေသစာရီ ကြွချိ ၊ပို့ဆောင်မှာ ဖြစ်ကြောင်း မိတ်ဆွေ အပေါင်း အား အကြောင်းကြားလိုက်ပါတယ်ခင်ဗျား
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ
‹
›
Home
View web version
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ