မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Saturday, May 25, 2013

မရိန်းတပ်သားအား ထီးမိုးခိုင်းမိခြင်းကြောင့် အမေရိကန်သမ္မတဘားရက်အိုဘားမား ဝေဖန် ၊ ကဲ့ရဲ့ ခံရ...

မရိန်းတပ်သားအား ထီးမိုးခိုင်းမိခြင်းကြောင့် အမေရိကန်သမ္မတ ၊ အမေရိကန် ကြည်း ၊ ရေ ၊ လေ စစ်သေနာပတိချုပ် ဘားရက်အိုဘားမား ဝေဖန် ၊ ကဲ့ရဲ့ ခံရ....။
အမေရိကန်နိုင်ငံရဲ့ ကြည်း ၊ ရေ ၊ လေ တပ်ပေါင်းစု အားလုံးရဲ့ စစ်သေနာပတိချုပ် ဖြစ်တဲ့ အမေရိကန် သမ္မတ အိုဘားမားဟာ မရိန်းတပ်ဖွဲ့ဝင်များကို ထီးမိုးခိုင်းခဲ့မိလို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်...။

တူရကီဝန်ကြီးချုပ်နဲ့ အတူ အိမ်ဖြူတော် နှင်းဆီဥယျာဉ်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် အတွင်း မိုးရွာလာခဲ့သဖြင့် အိုဘားမားဟာ မရိန်းတပ်ဖွဲ့ဝင်များကိုထီးမိုးပေးရန် အကူအညီတောင်းခဲ့မိတာပါ...။ မရိန်းတပ်သားနှစ်ဦးက ထီးများယူလာပြီး သမ္မတ နဲ့ ဧည့်သည်တော် ၀န်ကြီးချုပ်တို့ကို ထီးမိုးပေးခဲ့ပါတယ်...။ ဒါပေမဲ့ မရိန်းတပ်ဖွဲ့ရဲ့ လက်စွဲကျင့်ဝတ် စည်းမျဉ်းတွေအရ ၀တ်စုံပြည့်ဝတ်ဆင်ထားစဉ် ထီးယူဆောင်ခွင့် မရှိပါဘူး....။ တိုင်းတစ်ပါးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ အမေရိကန် သံတမန်တွေအတွက် မရိန်းတပ်ဖွဲ့ဝင်များ အသုံးပြုပြီး လုံခြုံရေးအပြည့်အ၀ မပေးနိုင်သည့်တိုင်.. သမ္မတ အိုဘားမားကတော့ မရိန်းတပ်ဖွဲ့ဝင်များကို ထီးမိုးရန်အတွက် ပေါပေါများများ ရှိနေခြင်းဟာ ရှက်ဖွယ်ဖြစ်တယ်ဆိုပြီး.... ဝေဖန်မှုတွေ ပျံ့နှံ့ခဲ့ပါတယ်...။ ထီးမိုးပေးခြင်းကိစ္စကို လုံခြုံရေးဝန်ထမ်း အချို့ကသာ ရံဖန်ရံခါ လုပ်ပေးလေ့ရှိပြီး ပုံမှန်အားဖြင့် ထီးကို ကိုယ်တိုင်ဆောင်းရလေ့ရှိပါတယ်...။

ကျနော်တို့နိုင်ငံရဲ့ တပ်စည်းမျဉ်းစည်းကမ်းတွေ ဘယ်လိုရှိတယ်ဆိုတာ ကျနော်မသိပါဘူး...။ သေနတ်အများအပြားကို ဘေးမှာချထားပြီး စစ်ဝတ်စုံနဲ့ စစ်သားတွေက ထီးမိုး နေကာပေးနေပြီး သေနတ် ပစ်နေသူဟာ ဘယ်က ဘယ်သူမှန်းလည်း ကျနော်မသိသလို သူ့ကို သမ္မတ အိုဘားမားနဲ့ နှိုင်းယှဉ်တာလည်း မဟုတ်ပါဘူး...။ ပြောချင်တာက လုပ်ရပ်တစ်ခု မှားယွင်းခဲ့တယ်ဆိုရင်..၊ မသင့်တော်ခဲ့ဘူးဆိုရင် The Most Powerful President In The World လို့တင်စားခေါ်ဝေါ်ကြတဲ့ အမေရိကန်နိုင်ငံရဲ့ သမ္မတ..၊ အမေရိကန်ရဲ့ ကြည်း ၊ ရေ ၊ လေ စစ်သေနာပတိချုပ် မစ္စတာ ဘားရက်အိုဘားမား တောင်မှ ဝေဖန် ခံရတယ်..၊ ရှုံ့ချ ကဲ့ရဲ့ ပြစ်တင်တာ ခံရတယ်ဆိုတာကို ပြောချင်တာပါ....။ အဝေဖန် မခံချင်ရင် စစ်တပ်အနေနဲ့ရော ကာယကံရှင်ကိုယ်တိုင်ရော ဒီလိုပုံတွေ online ပေါ်တက်မလာနိုင်အောင် ဆင်ခြင်ပေါ့....။ ဒီလိုမှ မဟုတ်ရင်လည်း ဘယ်သူမဆို တပ်အတွင်းကို လာရောက်လည်ပတ်နိုင်တယ်...၊ သေနတ် စမ်းသပ်ပစ်ကြည့်ခွင့် ပြုလုပ်နိုင်တယ်.. လို့ ကြေညာထားသင့်တာပေါ့....။

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ