မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
▼
လားရှိုးပဋိပက္ခမှု များတွင် ပါဝင်သူများကို အရေးယူပေးရန် အစ္စလာမ်အဖွဲ့များ တောင်းဆို
.....................................................................................
ရန်ကုန်၊ မေ ၃၁
ရှမ်းပြည်နယ် လားရှိုးမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ ဖြစ်ပွားစေရန်
လှုံ့ဆော်သူများ၊ အကြမ်းဖက်ကျူးလွန်သူများနှင့် တာဝန်လစ်ဟင်းသူနှင့်
တာဝန်မဲ့သူများ အားလုံးကိုမခွဲခြားဘဲ အရေးယူရန် ပြည်ထောင်စုအစိုးရနှင့်
ပြည်နယ်အစိုးရတို့ထံ တောင်းဆိုကြောင်း အဖွဲ့ ၁၄ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့်
မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် ကွန်ရက်ပေါင်းစု (Unity for Peace
Networks) က မေလ ၃၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါသဘောထား ထုတ်ပြန်ချက်တွင် မူးယစ်ဆေးစွဲ စိတ်ဝေဒနာရှင်တစ်ဦးက
အမျိုးသမီး တစ်ဦးကို မီးရှို့မှုအပေါ် ရှုတ်ချကြောင်း ပြစ်မှုကျူးလွန်သူကို
ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူပါရန်နှင့် ယင်းရာဇဝတ်မှုကို
အခွင့်ကောင်းယူကာ ဗလီ ဝတ်ကျောင်းတော်များနှင့် မိဘမဲ့ စာသင်ကျောင်းများ
မီးရှို့ဖျက်ဆီးပြီး ဘာသာရေး ပဋိပက္ခ အသွင်ဆောင်ကာ ငြိမ်းချမ်းရေးနှင့်
တည်ငြိမ်မှု ပျက်ပြားစေသော လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း
အပါအဝင် အချက် ၁၀ ချက် ပါဝင်သည်။
လားရှိုးမြို့တွင် မေလ ၂၈ ရက်နေ့
ညနေ ၄ နာရီကျော်က အမျိုးသမီး တစ်ဦးကို ဘာသာမတူသူ အမျိုးသားတစ်ဦးက
ဓာတ်ဆီပက် မီးရှို့ ခဲ့ခြင်းကြောင့် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး လူတစ်ဦး
သေဆုံးကာ ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ယင်းပဋိပက္ခမှုများတွင် ပါဝင်ပတ်သက်သူဟု
ယူဆရသူ ၃၉ ဦးကို ဖမ်းဆီး ထားပြီးဖြစ်ကြောင်း လားရှိုးမြို့
ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
ပဋိပက္ခမှုများကြောင့်
အစ္စလာမ် ဘာသာဝင်များကို မေလ ၂၉ ရက်နေ့မှ စတင်ကာ မန်ဆူရှမ်းကျောင်း ပရဟိတ
စာသင်တိုက်သို့ လုံခြုံရေး အကူအညီဖြင့် ပို့ဆောင်ခဲ့ရာ အစ္စလာမ်ဘာသာဝင် ၆၀၀
ကျော် အပါအဝင် စုစုပေါင်းဒုက္ခသည် ၁၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း
ယင်းကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးပုညက မိန့်ကြားသည်။
ညမထွက်ရအမိန့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့်
လားရှိုးမြို့တွင် ဖြစ်ပွားနေသည့် ဆူပူအကြမ်းဖက်မှုများမှာ မေလ ၃၀ ရက် နေ့မှ
စတင်ကာ ပုံမှန်အခြေအနေကို
ပြန်လည်ရောက်ရှိနေပြီဟု ဒေသအာဏာပိုင် များထံမှ သိရှိရသည်။
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ