မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
(Move to ...)
မည်သူမဆိုလွတ်လပ့်စွာကူးယူနှိင်သည်။
Members of the Burmese community protest outside the Toronto Star office
Fear, loathing and lies in Rakhine state
This is racism, not Buddhism
Shedding light on Myanmar’s sectarian strife
▼
အစွန်းလွတ်အောင်ရှောင်ကြဖို့ သီတဂူဆရာတော်မိန့်ကြား
တိုင်းကျိုးပြည်ကျိုးကိုဆောင်ရွ က်ကြတဲ့အခါ အစွန်းလွတ်အောင်ရှောင်ကြဖို့ လိုတယ်လို့ ယခုလ ၂၀ ရက်နေ့က မန္တလေးမြို့မှာ ကျင်းပခဲ့တဲ့ ဦးရာဇာတ်အထိမ်းအမှတ်အခန်းအနားမှာ သီတဂူဆရာတော်ဦးဥာဏိဿရက မိန့်ကြားပါတယ်။ “အဖွဲ့အစည်းတစ်ခုရဲ့အကျိုးစီးပွားကို
ဆောင်ရွက်သည်ဖြစ်စေ၊ တိုင်းကျိုးပြည်ကျိုးကိုဘဲ ဆောင်ရွက်သည်ဖြစ်စေ၊
နံပါတ်တစ်ကတော့ to avoid the extreme ပါ။ အစွန်းလွတ်အောင်ရှောင်ကြဖို့။
အလယ်အလတ်မျှမျှတတ ကျင့်သုံးကြဖို့ ၊ ပိုပြီးတော့အရေးကြီးတဲ့အချက်ကတော့ try to understand the truth သစ္စာ( အမှန်)တရားကို နားလည်ကြဖို့ပါ´´လို့ ဆရာတော်ဦးဥာဏိဿရက မိန့်ကြားပါတယ်။ ဆရာတော်ကဘဲ ပြည်ထောင်စုမြန်မာနိုင်ငံတည်ဆော က်မယ်ဆိုရင်
လူမျိုးရေး၊ဘာသာရေး၊ အစွဲအလန်းတွေ ဖျောက်ရမယ်။ အစွဲအလန်းတွေ
မဖျောက်နိုင်ရင် unity (တစုတစည်းညီညွှတ်ခြင်း)၊
harmony(သင့်တင့်မြတ်မြတ်နေထိုင်ခြင်း)
လုပ်လို့မရဘူး။ Unity နဲ့ Harmony ကို တည်ဆောက်လို့မရရင် peace(
ငြိမ်းချမ်းခြင်း) ကို တည်ဆောက်လို့ မရနိုင်ဘူးလို့ ဆိုပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ လုပ်ကြံခံခဲ့ရတဲ့ အာဇာနည် ကိုးဦီးအနက် ဦးရာဇာတ်
အထိမ်းအမှတ်ကို ဦးရာဇာတ်ရဲ့ အသက် ၁၁၄ နှစ်ပြည့်မွေးနေ့မှာ အခန်းအနားနဲ့
ကျင်းပခဲ့ပါတယ်။ ဦးရာဇာတ်ဟာ အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်ပြီး ဦးရာဇာတ်နေ့ကို
Myanmar Muslim Education and Cultural Society က ကြီးမှူးကျင်းပခဲ့တယ်။ အဲဒီအခန်းအနားကို ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်၊တောင်ထီးလင်းဆရာတော်၊ သီတဂူဆရာတော်အပါဝင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးအများအပြားတက်ရောက်ကြတာကိုတွေ့ရပါတယ်။ http://www.mt-pp.com/2012/01/ blog-post_104.html
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ