..............................
ရန်ကုန်၊ ဇွန် ၃
တရားမဝင် ရွှေ တူးဖော်မှုများနှင့် သစ်တောများ ပြုန်းတီးလာခြင်းကြောင့် တဖြည်းဖြည်း ယိုယွင်း ပျက်စီးလာသော ဧရာဝတီမြစ်အတွင်း ရေလမ်းကြောင်း ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်နိုင် ရန် အကြို လေ့လာစူးစမ်းမှုများ ဧပြီလမှ စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန ရေအရင်းအမြစ် နှင့် မြစ်ချောင်းမျ...ား ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိန်ထွန်းက The Voice သို့ ပြောကြားသည်။
ဧရာဝတီ မြစ်ကြောင်းအတွင်း ရေလမ်းကြောင်း ကျပ်တည်းမှုများ ဖြစ်ပေါ်နေသော နေရာ ၄၆ နေရာကို ပြုပြင် ထိန်းသိမ်းရန်နှင့် ရေလမ်းကြောင်း ပြုပြင်ခြင်း လုပ်ငန်းများ အတွက် အကြို စူးစမ်းလေ့လာမှု များကို ဘယ်လ်ဂျီယံနိုင်ငံ SBE nv Engineering Co.Ltd က စတင်လုပ် ဆောင်နေပြီ ဖြစ်ကြောင်း၊ ဧရာဝတီမြစ် ပြုပြင်ထိန်းသိမ်းရေးနှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်အတွင်း ကနဦး လေ့လာချက်အဖြစ် စာရွက်စာတမ်း စုဆောင်းခြင်းနှင့် မြေပုံအထောက်အထား များရှာ၍ လေ့လာလျက် ရှိကြောင်း ၎င်းက ဆိုသည်။
ရေလမ်းကြောင်း ကျပ်တည်းမှုများ ဖြစ်ပေါ် လာရခြင်းသည် သဘာဝ ဖြစ်စဉ်များနှင့် လူတို့၏ ပြုလုပ်မှုများကြောင့် ဖြစ်ကြောင်း၊ ရေကြောင်းပို့ဆောင်ရေး လွယ်ကူစေရန် ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများကို မြစ်ကြောင်း ပြုပြင်နည်း စနစ် (River Bed Regulation) ကို အခြေခံ၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်က ပြော ကြားသည်။
“ဘတ်ဂျက် (အသုံးစရိတ်) က ရတိုင်း မလောက်တာတော့ မဟုတ်ဘူး။ ချထားပေးတဲ့ အပေါ်မှာ ကမ်းပြိုတာတို့ ရေလမ်းကြောင်းထိန်းတာ နှစ်မျိုးလုံး လိုအပ်တာကို လုပ်တယ်” ဟု ဦးစိန်ထွန်းက ထပ်လောင်း ပြောကြားသည်။
မြစ်ကြောင်းတစ်လျှောက် အကြို လေ့လာစူးစမ်းမှုတွင် မည်သည့် နေရာများတွင် လုပ်ကိုင်မည်နှင့် မည်သို့သော ထိခိုက်မှုများ ရှိလာနိုင်သည်ကို ကြိုတင်ာ လေ့လာ ခြင်းဖြစ်ပြီး လေ့လာရာမှ ထွက်ရှိသော အချက်အလက်များကို ပြည်သူလူထုကို ချပြမည် ဖြစ်ကြောင်း၊ သဘောတူညီမှု ရရှိသည့်အခါမှ ထိန်းသိမ်းရေး လုပ်ငန်းကို ဆက်လက် လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း အဆိုပါ ပုဂ္ဂိုလ်က ဆက်လက် ပြောကြားသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် SBE nv Engineering Co.Ltd တို့သည် ဖေဖော်ဝါရီလ ၁၁ ရက် နေ့က ဧရာဝတီမြစ် ပြုပြင်ထိန်းသိမ်းရေးနှင့် ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်မြောက်နိုင်စွမ်း လေ့လာ ဆောင်ရွက်ရန် နှစ်ဦးသဘောတူ လက်မှတ် ရေးထိုးခဲ့သည်။
The Voice Weekly
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ