မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Thursday, June 27, 2013

"အမျိုးစောင့်ဥပဒေပေါ်ပေါက်ရေးကြိုးပမ်းမှု ရည်ရွယ်ချက်ကောင်းဟု သီတဂူဆရာတော်ကြီးမိန့်"



အမျိုး၊ဘာသာ၊သာသနာ ထိန်းသိမ်းစောင့် ရှောက်ရေးဥပဒေပေါ်ပေါက်ရေးကြိုး
ပမ်းမှုသည် ရည်ရွယ်ချက်ကောင်းကြောင်း၊သံဃာ ၁၀၀၀ ကျော်တက်ရောက်သည့်အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြ၀ါဒခံယူပွဲနှင့်ဦးဆောင်ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲ၌ သီတဂူဆရာတော်ကြီးက တစ်နာရီကျော်ကြာ မိန့်ကြားသော သြ၀ါဒတွင် ထည့်သွင်းမိန့်ကြားခဲ့သည်။

ထို့အပြင်သီတဂူဆရာတော်ကြီးက အမျိုးဘာသာ၊သာသနာ ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့တစ်ရပ်ပေါ်ပေါက်က အစိုးရ၊ နိုင်ငံတော်သံဃမဟာနာက၊ သံဃာထုတစ်ရပ်လုံးစည်းစည်းစည်းလုံးလုံး လုပ်ဆောင်ကြရန်လည်း တိုက်တွန်းခဲ့သည်။

အမျိုးစောင့်ဥပဒေပေါ်ပေါက်ရေး အကြံပေးဆွေးနွေးသူဦးရဲခေါင်ညွန့်ကလည်း ယင်းဥပဒေသည်လူ့အခွင့်အအရေးနှင့်ညီကြောင်း၊အခြားနိုင်ငံများတွင်၎င်းတို့ ဘာသာများအတွက်ခတ်ထားသော ခြံစည်းရိုးကိုလူ့အခွင့်အရေးနှင့်မညီဟု မပြောကြောင်းစသည်ဖြင့်ဥပဒေကြောင်းရာများဆွေးနွေးခဲ့သည်။

ဓာတ်ပုံ -အောင်နိုင်စိုး(ကစ္ဆပ)

Popular Myanmar News Journal

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ