မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Tuesday, July 23, 2013

မြန်မာ-ဗီယက်နမ် လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးရန် အမျိုးသားလွှတ်တော် အတည်ပြု


Wednesday, July 24, 2013

မြန်မာ-ဗီယက်နမ် လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် ဇူလိုင် ၂၃ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အတည်ပြု ဆုံးဖြတ်ခဲ့သည်။
အဆိုပါ သဘောတူညီချက်အရ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ အကြား နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စများအပေါ် အမြင်ဖလှယ်ရန် နှစ်နိုင်ငံအဆင့်မြင့် ပုဂ္ဂိုလ်များ၏ အပြန်အလှန် ခရီးစဉ်များ ပိုမိုတိုးမြှင့်ရန်နှင့် မြန်မာနိုင်ငံ ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံးတို့နှင့် ဗီယက်နမ်နိုင်ငံ အမျိုးသားလွှတ်တော် ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လိုအပ်သော အစီအစဉ်များ ပြုလုပ်ပေးရန် ရည်ရွယ်ကြောင်း သိရသည်။

မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံလွှတ်တော် နှစ်ရပ်အကြား ယခုကဲ့သို့ သဘောတူညီချက် လက်မှတ်ရေးထိုးရန်အတွက် ၂၀၁၂ ခုနှစ် မြန်မာနိုင်ငံတွင် ဗီယက်နမ်နိုင်ငံ အနေဖြင့် ၂၀၁၃ ခုနှစ် ဇွန်လကုန်အထိ အမေရိကန်ဒေါ်လာ ၅၁၁ သန်းကျော် လာရောက်ရင်းနှီး မြှုပ်နှံထားပြီး မြန်မာနိုင်ငံ၏ နိုင်ငံတကာမှ အများဆုံး ရင်းနှီးမြှုပ်နှံသည့် စာရင်းတွင် အဆင့် ၉ နေရာ၌ ရပ်တည်နေကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ