မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Saturday, July 20, 2013

"ပေကျင်းလေဆိပ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား"



ပေကျင်း၊ ဇူလိုင် ၂၁
တရုတ်နိုင်ငံ ပေကျင်း အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဗုံးပေါက်ကွဲမှုတစ်ခု ယမန်နေ့ညကဖြစ်ပွားခဲ့ကြောင်းသိရသည်။

လက်တွန်းကုလားထိုင်ဖြင့် သွားလာရသူတစ်ဦးက အိမ်လုပ်လက်ဖြစ်ဗုံးတစ်လုံးကို ပေကျင်းအပြည်ပြည်ဆိုင်ရာလေဆိပ် တာမင်နယ် ၃ တွင် စနေနေ့ညနေ ၆ နာရီ ၄၂ မိနစ်ခန့်ကဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး၊ ထိုသို့ဖောက်ခွဲချိန်တွင် သူ၏ အနီး၌ မည်သူမျှ ရှိမနေခြင်းကြောင့် ဖောက်ခွဲသူမှ အပ မည်သူမျှ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိခဲ့ကြောင်းသိရသည်။
"ဗုံးပေါက်သံကတော့ တော်တော်ကျယ်တယ်ဗျ"ဟု ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာနှင့် ၂၇ ကိုက်အခန့်ကွာတွင်ရှိနေသူ တစ်ဦးကပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သော ဗုံးဖောက်ခွဲသူကို ဆေးရုံသို့ချက်ခြင်းပို့လိုက်ပြီး စစ်ဆေးကုသမှုပြုထားကြောင်းသိရသည်

ဖောက်ခွဲသူမှာ Ji Zhongxing ဆိုသူ တရုတ်နိုင်ငံ ရှန်တုန်း ပြည်နယ် အရှေ့ပိုင်းမှဖြစ်ပြီး၊ ၁၉၇၉ ခုနှစ်တွင်မွေးဖွားခဲ့သူတစ်ဦးဖြစ်ကြောင်းသိရသည်။

PP
ref: USA TODAY

Popular Myanmar News Journal

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ