မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
▼
အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်လုပ်ရပ် မှန်သမျှကို ပြင်းထန်စွာ ရှုတ်ချကြောင်း သီတဂူဆရာတော်ကြီး အပါအ၀င် ဆရာတော်ကြီးများ ကြေညာချက် ထုတ်ပြန်
Re-post By ACM 24-7-2013
အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်လုပ်ရပ် မှန်သမျှကို ပြင်းထန်စွာရှုတ်ချကြောင်း
သီတဂူဆရာတော်ကြီး အပါအ၀င် ဆရာတော်ကြီးများက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
သီတဂူဆရာတော် အရှင်ဥာဏိဿရ၊ အမေရိကန် သီတဂူ သာသနာပြုအဖွဲ့မှ ဆရာတော်
ဒေါက်တာအရှင်အရိယဓမ္မ၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)မှ
လက်ထောက်ပါမောက္ခချုပ် ဒေါက်တာအရှင်ကုမာရ၊ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်
(ရန်ကုန်)မှ လက်ထောက်ပါမောက္ခချုပ် ဒေါက်တာအရှင်ပညာ သီဟာလင်္ကာရ၊ သီတဂူ
ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ် (မန္တလေး)မှ ဒေါက်တာအရှင် ဝေဠုရိယဥာဏာလင်္ကာရ၊
သီတဂူအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြုအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာကျော်ဝင်းတို့က
အဆိုပါကြေညာချက်တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ဗုဒ္ဓဘုရားရှင်၏ အဆုံးအမများကို ကမ္ဘာ့ဘာသာကြီး လေးခုတို့က
ကမ္ဘာ့ငြိမ်းချမ်းရေးဆိုင်ရာ အမှန်တရားအဖြစ်လည်း လက်ခံယုံကြည်ကြောင်း၊
ယခုအကြမ်းဖက် လုပ်ရပ်သည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုသာမက
ကမ္ဘာ့ဘာသာရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ
ထိန်းသိမ်းစောင့်ရှောက်ရေးကိုလည်း ခြိမ်းခြောက်အန္တရာယ် ပြုလျက်ရှိသည့်အတွက်
သီတဂူ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြုအဖွဲ့က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ . .
. . .
ထုတ်ပြန်ချက်တွင် ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ
နေရာတစ်ခုဖြစ်သော ဗုဒ္ဓဘုရားရှင် သဗ္ဗညုတ ရွှေဥာဏ်တော်ကို ရရှိတော်မူရာ
အိန္ဒိယနိုင်ငံ၊ ဘီယာပြည်နယ်ရှိ မဟာဗောဓိ စေတီတော် အနီးတစ်ဝိုက်တွင်
ပြီးခဲ့သည့် ဇူလိုင် ၇ ရက်က အကြမ်းဖက် သမားအချို့မှ အကြောင်းမဲ့
သက်သက်ယုတ်မာ သိမ်ဖျင်းသောစိတ်ထားဖြင့် အကြမ်းဖက်မှု ကျူးလွန်ခဲ့သည့်
လုပ်ရပ်အပေါ် သီတဂူ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြုအဖွဲ့ အနေဖြင့် အလွန်အမင်း
ထိတ်လန့်တုန်လှုပ် ခဲ့သည်ဟု ဖော်ပြထားသည်။
ယင်းအကြမ်းဖက်
သိမ်ဖျင်းသော လုပ်ရပ်သည် "သည်းခံခြင်းနှင့် အကြမ်းမဖက်ခြင်း" တည်းဟူသော
ဗုဒ္ဓဘုရားရှင်၏ အဆုံးအမ အနှစ်သာရနှင့် သာမက အခြားဘာသာကြီး လေးရပ်
(ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ ဂျူး) တို့၏ အဆုံးအမနှင့်လည်း
ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လျက်ရှိသည်ဟု သီတဂူ အပြည်ပြည်ဆိုင်ရာ
ဗုဒ္ဓသာသနာပြုအဖွဲ့က ခံယူသည်ဟု ကြေညာချက်တွင် ပါဝင်သည်။
ဗုဒ္ဓဘုရားရှင်၏ အဆုံးအမများကို ကမ္ဘာ့ဘာသာကြီး လေးခုတို့က
ကမ္ဘာ့ငြိမ်းချမ်းရေးဆိုင်ရာ အမှန်တရားအဖြစ်လည်း လက်ခံယုံကြည်ကြောင်း၊
ယခုအကြမ်းဖက် လုပ်ရပ်သည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုသာမက
ကမ္ဘာ့ဘာသာရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ
ထိန်းသိမ်းစောင့်ရှောက်ရေးကိုလည်း ခြိမ်းခြောက်အန္တရာယ် ပြုလျက်ရှိသည့်အတွက်
သီတဂူ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြုအဖွဲ့က ပြင်းထန်စွာ
ကန့်ကွက်ရှုတ်ချလိုက်သည်ဟု ကြေညာချက်တွင် ဆရာတော်ကြီးများက မိန့်ကြားထားသည်။
တစ်ဆက်တည်းတွင် ကမ္ဘာ့ဘာသာရေး ခေါင်းဆောင်များ အားလုံးအနေဖြင့်
ကမ္ဘာ့ဘာသာရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရင်း
ကမ္ဘာကြီး၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုပါ
ထိန်းသိမ်းစောင့်ရှောက်နိုင်မည့် နည်းလမ်းတစ်ခုကို ၀ိုင်းဝန်းလက်တွဲ
ရှာဖွေသွားရန် ဆရာတော်ကြီးများက တိုက်တွန်းခဲ့သည်။
အိန္ဒိယနိုင်ငံ
အစိုးရ အနေဖြင့်လည်း ယခုကဲ့သို့ မိုက်မဲသော ပြစ်မှုကျူးလွန်ခဲ့သူများကို
ဖော်ထုတ်ပြီး ပြင်းပြင်းထန်ထန် အရေးယူသွားရန်နှင့် ယခုကဲ့သို့
မလိုလားအပ်သည့် ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရန် လိုအပ်သည့် အစီအမံများ
ချမှတ်ဆောင်ရွက်သွားရန် အထူးအလေးထား တောင်းဆိုကြောင်း ကြေညာချက်တွင်
ဖော်ပြထားသည်။
ကမ္ဘာတစ်လွှားမှ ဗုဒ္ဓဘာသာဝင်အားလုံး အနေဖြင့်
ယခုကဲ့သို့ နာကြည်းဖွယ် အခြေအနေမျိုးနှင့် ရင်ဆိုင်ရချိန်တွင်
ဗုဒ္ဓဘုရားရှင်၏ အဆုံးအမဖြစ်သည့် သည်းခံခြင်းနှင့် အကြမ်းမဖက်ခြင်းကို
မမေ့မပျောက် စွဲစွဲမြဲမြဲ လိုက်နာကျင့်သုံးသွားကြရန် ဆရာတော်ကြီးများက
အထူးအလေးထား တိုက်တွန်းခဲ့သည်။
အိန္ဒိယနိုင်ငံ အရှေ့ပိုင်း
ဘီဟာပြည်နယ်ရှိ ဗုဒ္ဓဂယာကျောင်းတော်ဝန်း အတွင်း၌ ဇူလိုင် ၇ ရက်က
ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ မြန်မာသံဃာတော်တစ်ပါး အပါအ၀င်
ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အေးချမ်းမွန် Credit To >Eleven Media Group< Thank
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ