မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
▼
ခရစ္စတိုဖာဂန်းနက်စ်အရေးတော်ပုံ ငွေရတုအခမ်းအနားတက်ရောက်ရှိ
ရှစ်လေးလုံးအရေးတော်ပုံနှင့် ပတ်သက်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်
လူထုသိရှိစေရန် ကြိုးပမ်းခဲ့သူတစ်ဦးဟု ဆိုနိုင်သည့် ရှစ်လေးလုံးကာလက
ဘီဘီစီသတင်းထောက်တစ်ဦးဖြစ်သူ ခရစ္စတိုဖာဂန်းနက်စ်သည် အရေးတော်ပုံ
ငွေရတုအခမ်းအနားတက်ရောက်ရန် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း
သိရသည်။
ယင်းသည်လက်ရှိတွင် ကုလသမဂ္ဂဌာနတစ်ခုတွင် တာဝန်ထမ်းဆောင်နေပြီး
ဂျေရုစလင်တွင် နေထိုင်လျက်ရှိကာ မြန်မာနိုင်ငံသို့ သြဂုတ် ၆ ရက်ည ၈
နာရီအချိန်တွင် မြန်မာ့လေကြောင်းလိုင်းလေယာဉ် အမှတ် 8M 232 ဖြင့် ရောက်ရှိ
လာမည်ဖြစ်ကြောင်း သိရသည်။
သူသည် အရေးတော်ပုံအခမ်းအနားကို
တက်ရောက်မည့်အပြင် အနှစ် ၂၀ ကျော် ဝေးကွာခဲ့သည့် မြန်မာ့မြေပေါ်ရှိ
အထင်ကရနေရာ အချို့တို့သို့လည်း သွားရောက်လည်ပတ်ရန် ဆန္ဒရှိနေသည်။ ထို့ပြင်
လွန်ခဲ့သည့် ၂၅ နှစ်က ယင်းကို တွေ့ဆုံကာ အင်တာဗျူးခွင့်ပေးခဲ့ကြသည့်
ကျောင်းသားများနှင့်လည်း တွေ့ဆုံကာ အမှတ်တရဖြစ်ဖွယ်များကို
ခြေရာကောက်လိုသေးကြောင်း ပဲ့တင်သံသို့ ထပ်မံပြောကြားသည်။ ( http://www.echoingvoicenews.com/?p=523 တွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။ )
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ