မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
(Move to ...)
မည်သူမဆိုလွတ်လပ့်စွာကူးယူနှိင်သည်။
Members of the Burmese community protest outside the Toronto Star office
Fear, loathing and lies in Rakhine state
This is racism, not Buddhism
Shedding light on Myanmar’s sectarian strife
▼
၂၀၂၅ ခုနှစ် ကျောက်ဖြူ
Pa Yit ------------------------ ၂၀၂၅........ ကျောက်ဖြူကမ်းရိုးတမ်းဒေသတွင်ဖြစ်သည်.. ပင်လယ်ကူးသင်္ဘောံကြီးများ.. ဆိပ်ခံအဆောက်အဦးများ..ရုံးဌာနများ..၊ ခေတ်မီလှပသော အထပ်မြင့်အဆောက်အဦးများ.. ကွန်ဒိုအပါ့တ်မင့်များ. အထပ်မြင့်ရှောပင်းမောလ်များ။ စားသောက်ဆိုင်ကြီးများ.. ကာစီနိုဝိုင်းများ.. ဟိုတယ်ကြီးများသည်.. အနောက်ဘက်ခြမ်းရှိ ညီညာစွာသွယ်ဆင်းသွားသော.. ကျောက်ဖြူရေနက်ဆိပ်ကမ်း နှင့်..ကျောက်ဖြူကမ်းရိုးတမ်းအလှကို.. ပိုမိုလှပစေရန်ပံ့ပို့ပေးလျှက်ရှိသည်..၊ အရှေ့ဘက်မှ အရှေ့မြောက်ဘက်အထိ .. သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့်အပြိုင်.. ရခိုင်ပြည်နယ်၊မကွေးတိုင်း၊ မန္တလေးတိုင်း၊စစ်ကိုင်းတိုင်း၊နှင့်ကချင်ပြည်နယ် များကိုဖြတ်သန်းကာ တရုတ်ပြည်ကူမင်းမြို့အထိရောက်ရှိသည့်. ကျောက်ဖြူ-ကူမင်းအမြန်လမ်းမကြီးနှင့်..၊အမြန်ရထားလမ်းမကြီးများကို.. အထပ်မြင့်တိုက်ပေါ်မှကြည့်လျှင်..လှပစွာတွေ့ရှိရပါသည်.. ကျောက်ဖြူကမ်းလွန်ပင်လယ်ပြင်အတွင်းရှိ .. လှပသော ကျွန်းများတွင်လည်း.. ကမ္ဘာ့အဆင့်မီ ဟိုတယ်ကြီးများ. တည်ဆောက်ထားသည်ကို တွေ့ရှိရပါသည်...၊ ---------------- သို့သော်.. ပင်လယ်ကူးသင်္ဘောံကြီးများ.၊ ဆိပ်ခံအဆောက်အဦးများနှင့်ရုံးဌာနများသည်.. Five Star အလံများထောင်ထားသော်လည်း.. မြန်မာ့ကြယ်ငါးပွင့် အလံများမဟုတ်ပဲ.. ကြယ်ငါးပွင့်ပါ..တရုတ်အလံများဖြစ်နေပါသည်..၊ ကွန်ဒိုအပါ့တ်မင့်များ. အထပ်မြင့်ရှောပင်းမောလ်များ။ စားသောက်ဆိုင်ကြီးများ.. ကာစီနိုဝိုင်းများ.. ဟိုတယ်ကြီးများသည်.. တိုင်းရင်းသားပိုင်များမဟုတ်ပဲ.. တိုင်းရင်းသားနာမည်ခံ.. မြန်မာနှင့်ရခိုင်စကား မပြောတတ်သော..တရုတ်လူမျိုးပိုင် များဖြစ်နေပါသည်..၊ တိုင်းရင်းသားဒေသခံများကို..ဖုတ်လေသည့်ငါးပိ.. ရှိသည်ဟုပင်..မထင်..၊ တိုင်းရင်းသားအချို့မှာ ငါးပိ၊ငါးခြောက်၊ငနီတူခြောက်၊ ရခိုင်ငါးမုန့်၊ ရခိုင်မုန့်တီစသော. ဒေသအစားအစာရောင်းချခြင်းကို တတ်နိုင်သမျှပြုလုပ်ကြသော်လည်း.. တရုတ်လူမျိုးများပိုင်စားသောက်ဆိုင်များကသာ ၀ါးမျိုထားကြပေသည်.၊ ဒေသခံများမှာလည်း.ထိုလုပ်ငန်းများတွင် ရရာအလုပ်ဝင်ရောက်လုပ်ကိုင်ကြရပေသည်၊ ကျောက်ဖြူ-ကူမင်းအမြန်လမ်းမကြီးနှင့် အမြန်ရထားလမ်းမကြီးများသည်. မြန်မာနိုင်ငံပြည်သူများအတွက်အဓိကမဟုတ်ပဲ..တရုတ်လူမျိုးများ၏ စီးပွားရေးကုန်စည်များသယ်ယူပို့ဆောင်ရန်သာအဓိကဖြစ်ပြီး.. ဖြတ်သန်းသွားရသောလမ်းဘေးဝဲယာရှိ ဒေသများအား.. တရုတ်လူမျိုးများမှ အခြေချဝါးမျိုထားပြီး..၊ တရုတ်တို့၏ ကားများ..ရထားများရပ်နားစဉ်.. လိုအပ်သောစားသောက်ဆိုင်များ၊ ဘားများ၊ကလပ်များ၊ တည်းခိုခန်းများ..တို့၏၀န်ဆောင်မှုများ..အတွက်.. မြန်မာလူမျိုးများသည်..ရရာအလုပ်များ ၀င်ရောက်လုပ်ကိုင်ကြရပါသည်.။ အမျိုးကောင်းသားသမီးများရေတိမ်နစ်ကြရသည်..၊ တရုတ်စီးပွားရေးသမားများ၊ကုန်သည်များ၊ ကုန်ကြမ်းလာရှာသူများ၊တရုတ်သင်္ဘောံသားများ၊ တရုတ်ခရီးသည်များ၊ တရုတ်အပန်းဖြေသူများ၊ သူတို့သမီးလိုအပ်သူများ..၊ တရုတ်လေ့လာသူများအတွက်..မူ ကျောက်ဖြူဒေသအပါအ၀င်..လမ်းတစ်လျှောက်ရှိမြို့များသည်.. တကယ့်ကို....မုတ်ဆိတ်ပျားစွဲစရာဖြစ်နေပေသည်.၊ --------------------------- အဲဒီတော့ .. ကျွန်တော်တို့ တိုင်းရင်းသားများအနေဖြင့်.. သတိထားရမည်က.. တရုတ်သည်..မောင်တောနယ်စပ်ဘင်္ဂံလီတွေလို..တဖြည်းဖြည်းချင်း. လှိုက်စားနေရာယူသည့် အမျိုးမဟုတ်ပါ.. ဘင်္ဂံလီသည်.. သိသာထင်ရှားသော..ကြီးမားသည့်အင်အားမရှိပါ.. ၀ိတ်..မရှိပါ..၊ ငွေအင်အားထင်သလောက်မရှိပါ..၊ တရုတ်သည်..၊ ၀ိတ်ဖြင့်ဖိပြီး...အရှိန်အဟုန်ဖြင့် ၀င်ဆောင့်ကာ.. ငွေအား..လူအားသုံးလျှက်.. မည်သူ့မျက်နှာမှမငဲ့ပဲ..အချိန်တိုအတွင်း ပျံ့နှံ့ပေါက်ကွဲနိုင်သော အင်အားရှိပေသည်..၊ မြန်မာနိုင်ငံ၏ ဒုတိယမြို့တော်လို မြို့ကိုတောင်... အချိန်မကြာသောကာလအတွင်း ၀ါးမျိုနေနိုင်သည်ကို..ကြည့်ပါလေ..၊ ဒါတောင်...တရားမ၀င်..မသိမသာ..စိမ့်ဝင်ဝါးမျိုတာပဲရှိသေးသည်.. နယ်စပ်မှ ကားလမ်းရော..ရထားလမ်းရော.. ဆိပ်ကမ်းကသင်္ဘောံများနှင့်ပါ..ဖြောင့်ဖြူးစွာဖြင့်..၊ တရားဝင်..ပေါ်တင်ကျစွာ.... ၀င်ရောက်လာမည်ဆိုပါက.. ကျွန်တော်...မတွေးရဲတော့ပါ..၊ ကိုယ့်ဘာ့သာကိုယ်ပဲတွေးကြပါတော့.. မျိုးချစ်များတို့ရေ..၊
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ