မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Thursday, July 4, 2013

TIME မဂ္ဂဇင်းကို နယူးယောက်မှာ ဆန္ဒပြ



ဇူလိုင် ၁ ရက်နေ့ထုတ် TIME မဂ္ဂဇင်း မျက်နှာဖုံးပါ Buddhist Terror ဆိုတဲ့အသုံးအနှုန်းနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ TIME မဂ္ဂဇင်း အဆောက်အဦရှေ့မှာ မြန်မာဗုဒ္ဓဘာသာ ရဟန်းတော်တွေနဲ့ မြန်မာနိုင်ငံသားတွေ မနေ့မွန်းလွဲပိုင်းက ငြိမ်းငြိမ်းချမ်းချမ်း ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

သံဃာ့ဥသျှောင်ဆရာတော်တွေဖြစ်ကြတဲ့ ဆရာတော် ဦးကောဝိဒ၊ ဦးပညာဇောတတို့နဲ့အတူ နယူးယောက်၊ ပင်ဆယ်ဗေးးနီးယား၊ မြောက်ကယ်ရိုလိုင်းနား၊ ကင်တပ်ကီစတဲ့ ပြည်နယ်တွေမှာ သီတင်းသုံးတဲ့ သံဃာတော်တွေနဲ့ မြန်မာနိုင်ငံသားတွေ ဆန္ဒပြခဲ့ကြတာပါ။ TIME မဂ္ဂဇင်း အဆောက်အဦးရှေ့မှာ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြကြောင်း ဆရာတော် ဦးပညာဇောတက မိန့်ပါတယ်။

"မေတ္တာတရားကို တိုးတက်လာအောင် စိုက်ပျိုးပါ။မေတ္တာတရားကို စိုက်ပျိုးပါ။မည်သူတစ်ဦးတစ်ယောက်ရဲ့ လုပ်ဆောင်ချက်ကြောင့် မြန်မာပြည်သူ/သားတွေ ပြဿနာတွေ မဖြစ်ကြဖို့၊အကွဲအပြဲတွေ မဖြစ်ကြဖို့ အချင်းချင်း စည်းစည်းလုံးလုံးနေကြဖို့ ဆိုင်းဘုတ်တွေ ကို ကိုင်ဆောင်ထားပါတယ်"

သံဃာတွေနဲ့ မြန်မာနိုင်ငံသားတွေ အေးအေးချမ်းချမ်း ဆန္ဒပြခဲ့ကြပုံကိုလည်း အခုလို မိန့်ကြားပါတယ်။

"တိုင်းမဂ္ဂဇင်းကို အတိုက်အခံပြုတာမျိုး မလုပ်ပါဘူး၊ ငြိမ်သက်ပြီး မေတ္တာပို့တာတွေ လုပ်နေတယ်၊ ဗုဒ္ဓဘာသာ ပရိတ်သတ်တွေကလည်း ဟန်နာဘိခ်ျရဲ့ ဓာတ်ပုံကို ကြက်ခြေခတ်တာတွေ လုပ်ထားပါတယ်"

ဆန္ဒပြပွဲကို စုစုပေါင်း အင်အား ၇ဝ ဝန်းကျင် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ