မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Monday, August 5, 2013

မင်းသားဝီလျံဦးခေါင်းတွင် အမျိုးသားလိင်အင်္ဂါပါသည့် ရုပ်ပုံထုတ်လွှင့်မိသဖြင့် ဘီဘီစီဝန်ချတောင်းပန်



Ref AFP
လန်ဒန် ၊ သြဂုတ် ၎

ဦးခေါင်း ပေါ်တွင် အမျိုးသားလိင်အင်္ဂါ တစ်ခု၏ပုံရေးဆွဲထားသော ဗြိတိန် မင်းသားဝီလျံ၏ ရုပ်ပုံတစ်ခုကို မတော်တဆပြသခဲ့သည့်အတွက် ဘီဘီစီက ဩဂုတ်လ၁ရက်တွင် တောင်းပန်ခဲ့သည်။

အစီအစဉ်အရ နောက်ပိုင်း တွင်ပေါ်လာမည့် ဟာသအုပ်စု တစ်ခုအတွက် ကြော်ငြာဗီဒီယို အပိုင်းတစ်ခုကို ဘီဘီစီ၏နံနက် စာရုပ်သံရှိုးအစီအစဉ်က ထုတ် လွှင့်စဉ် အဆိုပါအမှားကြီးဖြစ်ပေါ် ခဲ့ခြင်းဖြစ်သည်။

သတင်းစာတစ် စောင်ထဲတွင်ပါသော ဗြိတိန်၏ ဒုတိယမြောက်နန်းမွေနန်းလျာ ဝီ လျံမင်းသား၏ ရုပ်ပုံပေါ်သို့ မင် အနက်ဖြင့် မုတ်ဆိတ်မွေး၊ နှုတ် ခမ်းမွေးများ ခပ်သော့သော့ရေး ဆွဲထားသည်ကို ရုပ်သံတွင် စက္ကန့် အနည်းငယ်ပြသခဲ့သည်။ ထို့ပြင် မျက်နှာတွင် မျက်မှန်တပ်ထား သော်လည်း သွားများပျောက်နေ သည်။

ခေါင်းတွင် အမျိုးသားလိင် အင်္ဂါတစ်ခုလည်းဆွဲထားသည်။
ထိုအခြင်းအရာကို ဘီဘီစီ အယ်ဒီတာများက လွတ်ထွက်သွား သော်လည်း ကြည့်ရှုသူတော်တော် များများက ထောက်ပြကြသည်။

'အလို မင်းသားဝီလျံရဲ့ခေါင်း မှာ အမျိုးသားလိင်အင်္ဂါတစ်ခုပါ လား၊ တရားကိုလွန်တယ်'ဟု ကြည့် ရှုသူတစ်ဦးက တွစ်တာတွင် ရေး လိုက်၏။
လူမှုရေးအရ စိတ်အနှောင့် အယှက်ဖြစ်ရသောအမှားအတွက် ဘီဘီစီက တောင်းပန်ခဲ့သည်။

စော်ကားသည့်အရာကို ပြုလုပ်ခဲ့ ခြင်းမရှိပါကြောင်းလည်း အလေး အနက်ပြောကြားခဲ့သည်။

''ဒီဟာကို ဟာသအုပ်စုBa-rbershopera က ပေးတာပါ။ ဒါ ပေမဲ့ ဒီထဲမှာ စော်ကားသလိုဖြစ် နေတဲ့အရာ ကျွန်မတို့ရှာမတွေ့ ဘူး။

ဒီအတွက် ကျွန်မတို့တောင်း ပန်ပါတယ်''ဟု ဘီဘီစီပြောခွင့်ရ အမျိုးသမီးတစ်ဦးက ပြောကြား ခဲ့သည်။

Posted From Yangon Media Group
Photo From BBC

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ