မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
▼
ကျိန်စာသင့်နေတဲ့ နိုင်ငံတော်..
မှားခဲ့ကြတဲ့သူတွေက
မသိချင်ယောင်ဆောင်နေကြတဲ့အခါ
တိုင်းပြည်မှာ
တစ်ခါ ကျိန်စာသင့်တယ်...။
တာဝန်ယူမှုမရှိတဲ့လူတွေက
ကြောရယုံ ကြံသွားတဲ့အခါ
တိုင်းပြည်မှာ
နောက်တစ်ခါ ကျိန်စာသင့်တယ်..။
အပြစ်ကျူးလွန်တဲ့သူတွေက
ဝန်ချတောင်းပန်ခြင်း မပြုတဲ့အခါ
ဒီလိုနဲ့ဘဲကျော်သွားတဲ့အခါ
တိုင်းပြည်မှာ
နောက်တစ်ခါ ကျိန်စာသင့်ပြန်တယ်
ကိုယ့်ကြောင့် ဒုက္ခ ရောက်သွားကြတဲ့
လူတွေရဲ့ ငိုသံတွေကို
ကြားနေရတာ တောင်မှ
ငါတို့ မှ ငါတို့ ဆိုတဲ့ သူတွေ
ကြီးစိုးချယ်လှယ် သမျှတော့
တို့ တွေရဲ့တိုင်းပြည်ဟာ
နောင်လာမဲ့ အနာဂါတ် မှာလည်း
ထပ်ခါ..ထပ်ခါ
ကျိန်စာ သင့်နေဦးမှာဘဲ...။
နိုင်မြန်မာ
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ