မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Wednesday, August 7, 2013

ရှစ်လေးလုံး ငွေရတုအခမ်းအနား ဒုတိယနေ့သို့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး ဦးအုန်းမြင့်နှင့် အဖွဲ့သားများ ရောက်ရှိ

 
 
 
(၂၀၁၃) ခုနှစ်၊ သြဂုတ်လ (၇) ရက်နေ့တွင် Myanmar Convention Center (MCC) ၌ ကျင်းပသော (၂၅)နှစ်ပြည့် ရှစ်လေးလုံး ငွေရတုအခမ်းအနား ဒုတိယနေ့သို့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး ဦးအုန်းမြင့်နှင့် အဖွဲ့သားများ ရောက်ရှိခဲ့ကြသည်။ ထို့နောက် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းသည် "တိုင်းရင်းသားရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အနာဂတ်ပြည်ထောင်စု" ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး ၄င်းကဏ္ဍရှိ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စရပ်နှင့် ပတ်သက်၍ ပါဝင်ဆွေးနွေးသွားခဲ့သည်။

ဆွေးနွေးပွဲရပ်နားချိန်၌ အခမ်းအနားရှိ ပြခန်းများ၊ အရောင်းဆိုင်များသို့ လှည့်လည်ကြည့်ရှုပြီး နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆုတောင်းစကားများ၊ အမှတ်တရစကားများ ရေးသားသောနေရာတွင် "အောင်မြင်ကြပါစေ'' ဟု ရေးသားလက်မှတ်ထိုးသွားခဲ့သည်။ ထို့အပြင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက "၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနားသို့ လာရောက်အားပေးခြင်းဖြစ်ကြောင်း၊ "အရေးတော်ပုံ" ဟူသည့် စကားလုံးသုံးစွဲခြင်းကိုလည်း နိုင်ငံတော်သမ္မတမှ သဘောတူညီကြောင်း" ပြောကြားသွားခဲ့သည်။ ထို့နောက် ရှစ်လေးလုံး ငွေရတုအခမ်းအနားအတွက် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းမှ ကျပ်ဆယ်သိန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး ဦးအုန်းမြင့်မှ ကျပ်ငါးသိန်း၊ အသီးသီး ထည့်ဝင်လှူဒါန်းသွားခဲ့သည်။

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ