မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
▼
နိုင်ငံတော်သမ္မတက နာရေးကူညီမှုအသင်း(ရန်ကုန်)ကို ဂုဏ်ပြုမှတ်တမ်း ချီးမြှင့်
Tuesday, August 20, 2013
နိုင်ငံတော် သမ္မတက နာရေးကူညီမှုအသင်း (ရန်ကုန်)အား ဂုဏ်ပြုမှတ်တမ်း
ချီးမြှင့်ခဲ့ကြောင်း သိရသည်။နိုင်ငံတော်သမ္မတမှ နာ
ရေးကူညီမှုအသင်း(ရန်ကုန်)အား ဂုဏ်ပြုမှတ်တမ်းပေးအပ် ပွဲအခမ်းအနားကို ဩဂုတ်
၁၉ ရက်က ရန်ကုန်မြို့ရှိရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်ရုံးတွင်ပြု လုပ်ခဲ့ပြီး နိုင်ငံတော်သမ္မတ၏ ကိုယ်စား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေက ပေးအပ် ခဲ့ခြင်းဖြစ်သည်။
နာရေးကူညီမှုအသင်း (ရန်ကုန်)အုပ်ချုပ်ရေးမှူး(စီမံ)ဒေါ်ဧရာမောင်မောင်က
''ကျွန်မ တို့အနေနဲ့ ဒီအလုပ်ကိုစလုပ်က တည်းက ဂုဏ်ပြုမှတ်တမ်းကိုမျှော်
လင့်ပြီး လုပ်ခဲ့တာမဟုတ်ပါဘူး။ ပြည်သူတွေအတွက် တတ်နိုင်တဲ့ ဘက်က
လုပ်ခဲ့တာပါ။ ဒါပေမဲ့ အခုလို သမ္မတရဲ့ဂုဏ်ပြုမှတ်တမ်း ရတော့
နာရေးကူညီမှုအသင်း (ရန်ကုန်)အတွက် အင်အားတစ် ခုဖြစ်စေတယ်''ဟုပြောသည်။နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်
စေရန်အတွက် ပြုပြင်ပြောင်းလဲ နေစဉ်တွင် ပြည်သူများနှင့်အတူ
ပူးပေါင်းဆောင်ရွက်သည့်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)အား
နိုင်ငံတော်သမ္မတမှ ယခုကဲ့ သို့ ဂုဏ်ပြုမှတ်တမ်းပေးအပ်ရခြင်း ဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ်က အခမ်းအနား တွင်ပြောကြားခဲ့သည်။
ဂုဏ်ပြုမှတ်တမ်းတွင် နိုင်ငံ တော်တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူတို့၏
လူမှုစီးပွားဖွံ့ဖြိုးတိုး တက်ရေးတို့အတွက် နိုင်ငံရေး၊ စီး ပွားရေး၊
အုပ်ချုပ်ရေးနှင့် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ပြုပြင်
ပြောင်းလဲမှုများကို မူဝါဒများချမှတ် ၍ ပြည်သူတို့နှင့်အတူ လက်တွဲ
ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ဖော်
ပြထားသည်။ထိုသို့ကြိုးပမ်းဆောင်ရွက်
ရာမှာ နိုင်ငံတော်အစိုးရနဲ့အတူ တစ်ဖက်တစ်လမ်းမှ ပူးပေါင်းပါ
ဝင်ဆောင်ရွက်နေကြသည့် ရန်ကုန် တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်
ပိုင်း)မြို့နယ်အခြေစိုက် နာရေးကူ ညီမှုအသင်း(ရန်ကုန်)သည် နာ
ရေးကူညီမှုလုပ်ငန်းများ၊ ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ၊လူမှုရေးလုပ်ငန်းများဖြင့်
ပြည်သူ တို့၏လူမှုဘဝတွင်အမြဲကြုံတွေ့ နေရသည့် အခက်အခဲများ၊ ကိစ္စ များကို
ကူညီကြိုးပမ်းဆောင်ရွက် ရုံသာမက စေတနာရှင်များပူး ပေါင်းပါဝင်လာအောင် ဆောင်
ရွက်လျက်ရှိပါသဖြင့် နာရေးကူညီ မှုအသင်း(ရန်ကုန်)အား ဤဂုဏ်
ပြုမှတ်တမ်းကိုချီးမြှင့်လိုက်သည်
ဟု ဖော်ပြထားသည်။နာရေးကူညီမှုအသင်း (ရန် ကုန်)သည် ၂၀၁၁ခုနှစ် ဇန်နဝါ ရီလမှ
စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ယခုအချိန်ထိ ကူညီဆောင်
ရွက်ပေးခဲ့သည့်နာရေးပေါင်း တစ် သိန်းသုံးသောင်းကျော်ရှိပြီး ဖြစ် သည်။
Yangon Media Group
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ