မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
(Move to ...)
မည်သူမဆိုလွတ်လပ့်စွာကူးယူနှိင်သည်။
Members of the Burmese community protest outside the Toronto Star office
Fear, loathing and lies in Rakhine state
This is racism, not Buddhism
Shedding light on Myanmar’s sectarian strife
▼
မလေးရှားလဝကရဲ့ ရာဇာသံ ထွက်ပေါ်လာခဲ့ပြီ (မလေးရောက်မြန်မာများအတွက် အထူးသတင်း)
****************************** ************ လာမည့်တနင်္ဂနွေနေ့ကစပြီး မလေးရှားအာဏာပိုင်အဖွဲ့စည်းအားလုံးက ခန့်မှန်းခြေ ၅၀၀၀၀၀ (၅သိန်း)ခန့်ရှိတဲ့ တရားမဝင်နေထိုင်သူများအားလုံးကို တိုင်းပြည်လုံး ပိုက်စိပ်တိုက် ရှာဖွေတော့မည်ဖြစ်ကြောင်းကို ယနေ့ The Star သတင်းစာမှာ ပြည့်ပြည့်စုံစုံရှင်းလင်းတင်ပြ သွားခဲ့ပါသည် ။
ယခင်တင်ပြခဲ့သည့်အတိုင်း ယခု စီမံချက် Operacy တွင် မလေးရှားနိုင်ငံ၏ လဝက ၊
ရဲ ၊ စစ်တပ် ၊ ရေးလား ၊ ပြည်သူ့စစ် အပါအဝင်
တိုင်းပြည်ရှိအာဏာပိုင်အဖွဲ့စည်းအားလုံးပူးပေါင်းရှာဖွေမည့်အင် အား ၁၃၅၀၀၀ ပါဝင်မည့်အကြောင်းကို ရေးသားထားခဲ့သည် ။ ထိုအထဲတွင် လဝက မှာ အဓိက ပါဝင်စစ်ဆေးမည်ဖြစ်သည် ။ ယခု အစီအစဉ်တွင် ကွာလာမ်ပူ ၊ ဆလန်းဂေါ ၊ ပီနန်း ၊ ဂျိုဟိုး စသည့်နေရာများရှိ တရားမဝင်အလုပ်သမားများရှိသည့်သတ်မှတ်နေရာများကို အဓိက စစ်ဆေးသွားမည့်အကြောင်းဖော်ပြထားပါသည်။
ဖမ်းဆီးရမိသူများအားလုံးကို မည်သည့်ရဲစခန်းသို့မှ ပို့မည်မဟုတ်ပဲ
မလေးနိုင်ငံရှိ တရားမဝင်နေထိုင်သူများကို ထိမ်းသိမ်းမည့် လဝက ကန့် ၁၂
ခုသို့တိုက်ရိုက်ပို့သွားမည်ဖြစ်ကြောင်းကို လည်းလဝကအရာရှိ Datuk Alias Ahmad ကပြောကြားသွားသည်။ ထို့အပြင်တရားမဝင်အလုပ်သမားများ ကို အလုပ်ပေးထားသည့် အလုပ်ရှင်များကိုလည်း တရားဥပဒေအရ Migrants Act 2007 အတိုင်းအရေးယူသွားမည့်ဖြစ်ကြောင်းရေးသားထားသည်။ ယခုစီမံချက်အတွက်တရားဝင်အလုပ်သမားများ မပါဝင်စေရန် ထိုသူတို့အတွက်လုံလောက်သော အထောက်အထားများကို သူဌေးများမှ ထုတ်ပေးထားရန် ယနေ့တရားဝင်ကြော်ငြာထားပြီးဖြစ် သည်ဟုဖော်ပြထားသည် ။ ယခုစီမံချက်သည် 6P စီမံချက်အတွင်း မှတ်ပုံတင်ထားသူများထဲမှ တရားဝင်လာရောက်မဆောင်ရွက်သော သူများအားလုံးကိုအဓိကထားရှာဖွေမ ည်ဖြစ်ပြီး တွေ့ရှိပါကမည်သည့် တရားဝင်ဆောင်ရွက်မှု့မျိုးမှပေးမ ည်မဟုတ်ကြောင်း နှင့် တရားဝင်ဆောင်ရွက်ပေးသောအေးဂျင်း များမှ အဓိကတာဝန်ယူရမည့်အကြောင်းကို ဖော်ပြထားသည် ။ အဆိုပါ 6P စီမံချက်တွင် တရားဝင်ဆောင်ရွက်ထားသော သူ ၂ သန်းကျော်အတွင်းခန့်မှန်းခြေ ၁.၃ သန်းမှာ စာရွက်စာတမ်းမပြည့်စုံသူများဖြစ်ကြောင်းတွေ့ရှိရပြီးဖြစ်ကြောင်း ။ ထိုသူများထဲမှာ ၅ သိန်းကျော်ကို တရားဝင်ပါမစ်များထုတ်ပေးခဲ့ပြီး ကျန်သည့် ၃သိန်း ၃ သောင်းကျော်မှာ ယနေ့ထိတိုင် တရားဝင်ပါမစ် အတွက်မဆောင်ရွက်သေကြောင်း ။ ယခု မလေးရှားအစိုးရမှ အခွင့်အရေးအပြည့်ပေးထားပြီးဖြစ် ကြောင်း ။
ယခု အချိန်သည် 6P စီမံချက်၏ enforcement ဆောင်ရွက်ရန်
အချိန်ကျရောက်ပြီဖြစ်ကြောင်း အထူးသဖြင့် ဂျိုဟိုး ပါစီဂူးဒန်းမှ
ဝင်ရောင်လာသော အင်ဒိုနီးရှားနိုင်ငံသားများမှာ အိုဗားတေးနေထိုင်မှုအထူးများပြား ကြောင်း ။ ထပ်မံပြီးတရားမဝင်နေထိုင်သူများ အနေဖြင့် ဘင်္ဂလားဒေ့ရှ် ၊ မြန်မာ ၊ ဗီယက်နမ် နှင့် နီပေါနိုင်ငံသားများ ရှိနေကြောင်း ။ ဒါတွတ်အလီ မှ ဆက်လက်ပြောကြားရာတွင် ကြောင်နှင့်ကြွက် ကစားပွဲကြီးအတွက် မလေးရှားအစိုးရမှ အပြည့်အဝ ပြင်ဆင်ပြီးဖြစ်ကြောင်း နှင့် .. လာမည့် တနင်္ဂနွေနေ့မှစတင်ပြီး ထိုတရားမဝင်နေထိုင်သူများ ရုတ်တရက်ပျောက်ကွယ်သွားရမည်ဖြစ် ကြောင်း ကို..။ တရားမဝင်နေထိုင်သူများအားလုံးပု န်းနေခဲ့တာကြာပြီ မည်မျှဆက်လက်ပုန်းအောင်းနိုင်မည်ကို စောင့်ကြည့်စေလိုကြောင်း ။ ၃ လတိတိ ဆက်တိုက်ပြုလုပ်မည့် အဆိုပါအော်ပရေးရှင်းတွင် မလေးရှားနိုင်ငံမှတရားမဝင်နေထို င်သူများအားလုံးပျောက်ကွယ်ရမည်ဆိုသည့်ရည်ရွယ်ချက်ဖြင့်လုပ်ဆောင်မည်ဖြစ်သည့်အကြောင်း .. ။ တရားမဝင်နေထိုင်သူများအတွက်ကာကွ ယ်ပေးသူ ၊ အကူညီပေးသူများအားလုံးကို ဒဏ်ငွေ ၅၀၀၀၀၀ နှင့် ထောင်ဒဏ် အနှစ် ၂၀ အထိ အမြင့်ဆုံးသတ်မှတ်ထားသည့်အတွက်မ ည်သူမျှ ကာကွယ်မပေးစေလိုကြောင်းကို ...။ အလုပ်ရှင်များအားလုံးသိစေရန်မှာ အခွင့်အရေးပေးထားပြီးသည့်အတွက် မည်သည့် တရားမဝင်အလုပ်သမားကိုမှ ဆက်လက်မထားတော့ရန် အချိန်ရောက်ပြီဖြစ်ကြောင်းကို . လဝက ဒါရိုက်တာ ဒါတွတ်အလီမှ ပြောကြားသည့်အတိုင်း မလေးရှားရောက် မြန်မာနိုင်ငံသားများသိရှိစေရန် ဘာသာပြန်တင်ဆက်ပေးရပါသည် ။ Source : http://www.thestar.com.my/ News/Nation/2013/08/28/ Nations-biggest-ever-crackdown- soon.aspx မလေးရှားရောက် မြန်မာများ
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ