မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Monday, August 26, 2013

"မြန်မာစစ်တပ် နယ်မြေ ကျူးကျော် စခန်းချတယ်လို့ အိန္ဒိယသတင်းစာပြော"



မြန်မာ-အိန္ဒိယ နယ်စပ် မိုရေးမြို့ ကို မြန်မာစစ်တပ်က ကြာသပတေးနေ့က ဖြတ်ကျော် ဝင်ရောက်ပြီး၊ Chandal ခရိုင် Holenphai ရွာမှာ ကျူးကျော် စခန်းချထားတယ်လို့ အိန္ဒိယနိုင်ငံထုတ် Times of India သတင်းစာကြီးက ရေးသားဖော်ပြထားပါတယ်။

မြန်မာစစ်တပ်က အဲဒီ နယ်မြေဟာ မြန်မာနိုင်ငံပိုင်နယ်မြေ ဖြစ်တယ်လို့ ပြောကြောင်း၊ မဏိပူရပြည်နယ် အစိုးရက ဘယ်လိုဆက်လက် ဆောင်ရွက်ရမယ်ဆိုတာ ဗဟိုအစိုးရအဖွဲ့ကို အကြောင်းကြားထားကြောင်းလဲ သတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီ နယ်မြေမှာ လုံခြုံရေး တာဝန်ယူထားတဲ့ အာသံ သေနတ်ကိုင်တပ်ရင်းကတော့ အဲဒီ Holenphai နယ်မြေမှာ အင်အား တိုးမြှင့်ချထားပြီး အခြေအနေကို အကဲခတ်နေကြောင်း၊ အဲဒီ ဒေသမှာ အလျား ၁၀ ကီလိုမီတာရှိတဲ့ ခြံစည်းရိုး ကာရံမယ့် ကိစ္စနဲ့  ပတ်သက်ပြီး၊သူတို့ မြေတချို့ မြန်မာဖက် ပါနေပြီဆိုပြီး၊ ဒေသခံမဏိပူရ အတိုက်အခံ ပါတီတွေက ကန့်ကွက်နေကြကြောင်း သတင်းမှာ ဆက်လက် ဖော်ပြထားပါတယ်။

မိုရေးမြို့ တောင်ဖက် ၂ မိုင်လောက်မှာ ရှိတဲ့ နယ်စပ်ကျောက်တိုင် အနီးမှာ အမှတ် ၇၆ မှာ မြန်မာ့ တပ်မတော် အမှတ် ၈၇ ခြေမြန်တပ်ရင်းက ရဲဘော်တွေက မြေရှင်းပြီး၊ စခန်းချနေတဲ့အတွက် မဏိပူရ အာဏာပိုင်တွေက အထက်က အမိန့်တိတိကျကျ မလာခင် လုပ်ငန်း ခေတ္တ ရပ်ထားဖို့  ပြောထားတယ်လို့လဲ ဆိုပါတယ်။

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ