မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Monday, August 5, 2013

မြန်မာ့တပ်မတော်(ရေ)၏ ပထမဦးဆုံး ဒုံးပျံတင် တိုက်ခိုက်ရေး စစ်ရေယာဉ်- မာဃ



၁၉၉၅ ခုနှစ်မှစ၍ ယနေ့အချိန်ထိ Surface Role တွင် ရေတပ်သား အရာရှိ / စစ်သည်များနှင့်အတူ ရာသီဥတု အမျိုးမျိုး၌ စစ်ဆင်ရေးနှင့် လုံခြုံရေးတာဝန်များ အပါအဝင် တာဝန်အသီးသီးကို ကျေပြွန်စွာ ထမ်းဆောင်လျက်ရှိသော မြန်မာ့တပ်မတော်(ရေ)၏ ပထမဦးဆုံး ဒုံးပျံတင် တိုက်ခိုက်ရေး စစ်ရေယာဉ်- မာဃ (471) / 037 - 1G Missile ဖြစ်ပါသည်။

မြန်မာပြည်ရောက် ရေယာဉ်သက်တမ်း (၁၈)နှစ်ခန့် ကာလအတွင်း အခြေအနေ အမျိုးမျိုးရှိသော Logistic ပုံစံစုံဖြင့် ထိတွေ့ခဲ့ပြီး ယနေ့အချိန်တွင် တပ်မတော်(ရေ)၏ Strategic Platform တစ်ခုအဖြစ် မပြည့်မတင်း ရပ်တည်လျက် ရှိပါသည်။ မကြာသော ကာလအတွင်းတွင် အကြီးစားပြင်ဆင်မှုများ ဆောင်ရွက်မည်ဟုလည်း ကြားသိရပါသည်။

စစ်ရေယာဉ်- မာဃ ၏ ပထမဦးဆုံး စစ်ရေယာဉ်မှူးမှာ ဒုတိယဗိုလ်မှူးကြီး ဝင်းရှိန် ဖြစ်ပြီး ၎င်းသည် ရာထူးတာဝန်အဆင့်ဆင့် ထမ်းဆောင်ကာ ယခုအခါတွင် ပြည်ထောင်စုဝန်ကြီးအဖြစ် ပြည်ထောင်စုအဆင့် နိုင်ငံတော်တာဝန်များ ထမ်းရွက်နေသူ ဖြစ်ပါသည်။ ထိုအတွက်လည်း စစ်ရေယာဉ်- မာဃ မှ ကျေနပ် ဂုဏ်ယူနေပါဦးမည်။ ထို့အတူ အရာရှိ / စစ်သည် များစွာတို့သည်လည်း စစ်ရေယာဉ်- မာဃ နှင့်အတူ ရဲဘော်ရဲဘက်အဖြစ် လှိုင်းလေကြမ်းတမ်း ခက်ခဲသော ပင်လယ်ပြင်ကို ကျော်ဖြတ်၍ ရာထူးတာဝန် အဆင့်ဆင့် ထမ်းဆောင်ခဲ့ကြပြီး ဖြစ်သည်။ ထိုအထဲမှ အချို့သည် ရေတပ်သားများအဖြစ် ကမ်းရိုးတန်း အနှံ့အပြားတွင် ကျရာတာဝန်များ ထမ်းဆောင်ဆဲ၊ အချို့သည် အရပ်ဘက် ဌာနများတွင် ကျရာတာဝန်များ ထမ်းဆောင်ဆဲ၊ အချို့သည်လည်း အငြိမ်းစားယူ၍ ပြည်သူ့တာဝန်များ ထမ်းဆောင်ဆဲ။

ထိုထိုတို့အထဲတွင် Myanmar Navy မှ မောင်မုတ်သုန်၊ မောင်ရေခဲ၊ မောင်ဝါဆို၊ ဆရာဆောင်၊ ကိုစေ တို့သည်လည်း အပါအဝင် ဖြစ်ခဲ့ကြပါလိမ့်မည်။ ထို့ပြင် ပုံပါ စစ်ရေယာဉ်နှစ်စီးလုံးတွင် တာဝန်ထမ်းရွက်ခဲ့သူ အချို့လည်း ပါကောင်း ပါနေပါဦးမည်။

မည်သို့ဆိုစေ စစ်ရေယာဉ်- မာဃ သည် ရဲဘော်ရဲဘက် အဟောင်း / အသစ်များနှင့် လိပ်ပတ်လည်လို့ ကောင်းဆဲ။ မြန်မာ့ပင်လယ်ပြင်ကို အင်အားရှိသမျှ ကာကွယ်လို့ ကောင်းဆဲ။ တပ်မတော်(ရေ)၏ သမိုင်းများစွာထဲမှ သမိုင်းတစ်ခုကို ပီပီပြင်ပြင် ပုံဖော်နေဆဲ။ ဆက်လက်၍လည်း ...... ။

မောင်မာဃ
( Myanmar Navy )

( ဓါတ်ပုံပေးပို့သော ကို Moe Htet Myint အား ကျေးဇူးတင်ပါသည် )

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ