မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Tuesday, August 6, 2013

လဲလူရွက် (Olax scandens)


ကွဲပြားအခေါ်ဝေါ်အဖြစ် လဲလောပင်၊ တောင်လဲလူပင်

မြန်မာ့စွယ်စုံကျမ်းထဲမှာ လဲလူဖို၊ လဲလူမ နှစ်မျိုးရှိတယ်လို့ ရေးထားတာကို တွေ့ရပါတယ်။ အသုံးဝင်ပုံ အဖြင့် - အသည်းအူ လဲလူ-တဲ့၊ အသည်းရောဂါနဲ့ ပတ်သက်သမျှကို လဲလူပင် ပဉ္စငါးပါးက နိုင်နင်းတယ်။ အသည်းရောင်၊ အသည်းအဆီဖုံး၊ အသည်းကြီး၊ အသည်းခြောက် ဘာမဆို သောက်လို့ရတယ်။ ဆေးနည်းကလည်း ခက်ခက်ခဲခဲမဟုတ်ဘူး။ လဲလူမြစ်ရရင် အမြစ်၊ မရရင်လည်း လဲလူရွက် လက်တဆုပ်စာကို ရေစင်စင်ဆေး၊ ပြီးတော့ အဲဒီ လဲလူရွက်ကို ဟင်းချိုချက်သောက်၊ ပြုတ်တို့၊ ငါးရံ့နဲ့ ဟင်းချက်စား။ အရွယ်လက်တဆုပ်ကို သုံးခွက်တခွက်တင် ကျိုသောက်။ အသည်းအူ လဲလူ-ဆိုတဲ့ စကားအတိုင်း အသည်းရောဂါတင်မကဘဲ အစာအိမ်၊ အူသိမ်၊ အူမတွေမှာ ဖြစ်တဲ့ရောဂါတွေပါ ပျောက်ကင်း သက်သာတယ်။ အသေချာသိချင်လျှင် ဒီလင့် http://www.mawluu.com/2011/07/blog-post_2023.html မှာ ဖတ်ကြည့်နိုင်ပါတယ်။ ကိုးကားချက်များ -http://my.wikipedia.org/wiki http://www.mawluu.com/

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ