မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
▼
အခြေခံဥပဒေပြင်ရေး ဆွေးနွေးရန် တနင်္သာရီ လွှတ်တော် ဖိတ်ခေါ်
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉၆၊ ဇယား(၁)၊
ပြည်ထောင်စုဥပဒေပြုစာရင်း၊ ပုဒ်မ ၁၈၈၊ ဇယား(၂)
တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ် ဥပဒေပြုစာရင်းပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ဝန်းလုံးအတွက် ဥပဒေပြုခွင့်ရှိသည်များ
အား ပြည့်စုံစွာပါဝင်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်မည်ဖြစ်ပါတယ်။
စိတ်ပါဝင်စားစွာတက်ရောက်ဆွေးနွေးလိုသူများအနေဖြင့် တိုင်းဒေသကြီး လွှတ်တော်ရုံး၊ ဖုန်းနံပါတ် ၀၅၉-၂၃၅၆၆၊၀၅၉-၂၃၅၆၈သို့ ဆက်သွယ်သတင်းပေးပို့နိုင်ပါတယ်။ အစည်းအဝေးကို စက်တင်ဘာ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး စက်တင်ဘာ ၂၂ ရက်နေ့နောက်ဆုံးထား၍ ဆက်သွယ်သတင်းပေးပို့နိုင်ပါတယ်။
(တက်ရောက်ဆွေးနွေးပေးနိုင်ပါရန်လည်း ဖိတ်ကြားအပ်ပါတယ်။ )
ဆက်လက်ပြီး ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီက ရေးဆွဲတင်ပြသော
တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေကြမ်း
နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသား လူမျိုးများ၏
ရရှိပိုင်ခွင့်ရှိသည့် အခွင့်အရေးများ ရရှိနိုင်ရေးအတွက်
ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်မည် ဖြစ်ပါတယ်။
စိတ်ပါဝင်စားစွာ တက်ရောက်ဆွေးနွေးလိုသူများအနေဖြင့် တိုင်းဒေသကြီးလွှတ်တော်ရုံးသို့ ဆက်သွယ်သတင်းပေးပို့နိုင်ပါတယ်။ အစည်းအဝေးရက်ကို (၂၇)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး (၂၅)ရက်နေ့ နောက်ဆုံးထား၍ ဆက်သွယ်သတင်းပေးပို့နိုင်ပါတယ်။
(တက်ရောက်ဆွေးနွေးပေးနိုင်ပါရန်လည်း ဖိတ်ကြားအပ်ပါတယ်။)
အစည်းအဝေးသို့ မတက်ရောက်နိုင်သည့် အဝေးမှဒေသခံပြည်သူများအနေဖြင့်
ယင်းဥပဒေကြမ်း(၂)ခု နှင့်စပ်လျဉ်း၍ အကြံပြုချက်များပေးပို့လိုပါက
တိုင်းဒေသကြီးလွှတ်တော်ရုံး ဖုန်းနံပါတ် ၀၅၉-၂၃၅၆၈၊ Fax ဖြင့်
ပေးပို့နိုင်သလို Email ဖြင့်ပေးပို့လိုပါက soem258@gmail.com,
ssoemin260@gmail.com, myoaunghtay@gmail.com မေးလ် များသို့
ဆက်သွယ်ပေးပို့နိုင်ပါတယ်။ (via Dawei Watch)
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ