မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
▼
မြိတ်ခရိုင် ၈၈ မျိုးဆက်များ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး မူကြမ်းစာတမ်း တနင်္သာရီတိုင်းလွှတ်တော်တွင် တင်သွင်းမည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉၆၊ ဇယား(၁)၊
ပြည်ထောင်စုဥပဒေပြုစာရင်း၊ ပုဒ်မ ၁၈၈၊ ဇယား(၂) တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ် ဥပဒေပြုစာရင်းပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ဝန်းလုံးအတွက် ဥပဒေပြုခွင့်ရှိသည်များ
အား ပြည့်စုံစွာပါဝင်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး နှင့်
ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီက ရေးဆွဲတင်ပြသော တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေကြမ်း
နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသား လူမျိုးများ၏
ရရှိပိုင်ခွင့်ရှိသည့် အခွင့်အရေးများ ရရှိနိုင်ရေးအတွက်
ညှိနှိုင်းအစည်းအဝေးအား မြိတ်ခရိုင် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေး နှင်
့ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ဦးပိုအင်၊ ဦးလှမော် ၊ ဦးတင်ကိုကိုဦး
တို့မှ စာတမ်းတင်သွင်း ပါဝင်ဆွေးနွေးသွားပါမည်။
မြိတ်ခရိုင် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ