မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Thursday, September 19, 2013

မြန်မာ ဒုက္ခသည်စခန်းတွေကို ရိက္ခာ ဖြတ်တောက်တော့မည်



ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်း ၇ ခုက ဒုက္ခသည်အချို့အတွက် ဆန်ရိက္ခာခွဲတမ်းကို ဒီဇင်ဘာလကနေစပြီး ဖြတ်တောက်မှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဒီစခန်းတွေက ဒုက္ခသည်တွေကို အကူအညီအလိုအပ်ဆုံးသူ၊ အကူအညီလိုသူ၊ စံနှုန်းနဲ့ ကိုယ်ထူကိုယ်ထဆိုပြီး အုပ်စု ၄ မျိုးခွဲကာ တစ်နည်းနည်းနဲ့ ဝင်ငွေရရှိနေပြီဖြစ်တဲ့ ကိုယ်ထူကိုယ်ထအုပ်စုက လူကြီးတွေအတွက် ဆန်ခွဲတမ်းမရရှိတော့ဘူးလို့ သိရပါတယ်။

ဒီအပြောင်းအလဲနဲ့ ပတ်သက်လို့ ဒုက္ခသည်စခန်းတွေကို ရိက္ခာအကူအညီပေးနေတဲ့TBBC အဖွဲ့ ကြီးရဲ့ ဒါရိုက်တာ MRs. Sally Thomson ကတော့ အခုလိုရှင်းပြပါတယ်။

“ယခုအပြောင်းအလဲတွေကို လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေများ လျှော့နည်းသွားခြင်းကြောင့် ဆောင်ရွက်ခဲ့ရခြင်းဖြစ်ပါတယ်၊ ဒုက္ခသည်စခန်းတွေရဲ့ လိုအပ်ချက်အပေါ် မူတည်ချဉ်းကပ်ပြီး စီမံဆောင်ရွက်ခဲ့တာဖြစ်ပါတယ်”

ယခင်ကလူကြီးတစ်ဦးကို တလကိုဆန် ၁၂ ကီလို ရရှိနေရာကနေ စံနှုန်းလို့သတ်မှတ်ခံရတဲ့ အုပ်စုထဲက လူကြီးတွေကတော့ အခု ၈ ကီလို ကနေ ၁၂ ကီလိုအထိရရှိမှာဖြစ်ပြီး၊ အကူအညီလိုသူ အုပ်စုကတော့ နဂိုအတိုင်း ၁၂ ကီလို ရရှိမှာဖြစ်ပါတယ်။ အကူအညီ အလိုအပ်ဆုံးအုပ်စုကတော့ ဆန်ရိက္ခာပိုမိုရရှိနိုင်မှာဖြစ်ပြီး အုပ်စုအားလုံးက ၁၈ နှစ်အောက် ကလေးငယ်တွေကတော့ နဂိုမူလခွဲတမ်းအတိုင်း တစ်ဦးကို ၆ ကီလို ဆက်လက်ရရှိမယ်လို့လည်း သိရပါတယ်။

TBC အဖွဲ့ကြီးရဲ့ ဇူလိုင်လ စာရင်းအရ ထိုင်းမြန်မာနယ်စပ် ဒုက္ခသည် စခန်း ၉ ခုမှာ လူဦးရေစုစုပေါင်း တစ်သိန်းနှစ်သောင်းခြောက်ထောင်ကျော်ရှိတယ်လို့ သိရပါတယ်။

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ