မြန်မာ- ဘင်္ဂလာဒေခ်ျ့ နယ်စပ်တွင် တာဝန်ကျနေသော မြန်မာ့ လုံခြုံရေး
တပ်ဖွဲ့ဝင်များသည် နယ်စပ် ခြံစည်းရိုး တလျှောက်တွင် အိန္ဒိယ နယ်လုံခြုံရေး
တပ်ဖွဲ့ BSF ကဲ့သို့ နေ့ည မပြတ် ကင်းလှည့်နေကြသည်ဟု မျက်မြင်ဒေသခံများက
ပြောသည်။
“ အရင်တုန်းကတော့ မြန်မာ စစ်တပ်တွေ ခုလို
လူပ်ရှားတာမျိုးကို မတွေ့ရဘူး။ ဦးဇင်းတို့ ဟို… အိန္ဒိယ- ဘင်္ဂလာနယ်စပ်မှာ
အိန္ဒိယဘက်က နယ်စပ် လုံခြုံရေး စစ်သားတွေ သူတို့လုပ်ထားတဲ့ ခြံစည်းရိုး
အနီးမှာ ဒီလို ကင်းလှည့်တာမျိုးကို မြင်ဖူးတယ်။
အခုတော့ မြန်မာဘက်က စစ်သားတွေလည်း ခြံစည်းရိုး တလျှောက်
ကင်းလှည့်နေတာတွေကို တွေ့နေရပါတယ်” ဟု နယ်စပ် မီးတိုက်ဒေသမှ ဦးဇင်း တစ်ပါးက
ဆိုသည်။
မောင်တောမြို့နယ် မြောက်ပိုင်း မီးတိုက်နယ်မြေမှာ
မိုင်တိုင်အမှတ် ၃၇ မှ ၄၀ အကြားတွင် တည်ရှိပြီး ယခုအခါ ခမရ ၃၅၃ မှ
စစ်သားများသည် အဆိုပါ မိုင်တိုင်အနီး တောက်လျှောက်ကာရံထားသော ခြံစည်းရိုး
အနီးတွင် နေ့ည မပြတ် ကင်းလှည့်နေသည်ဟု သူက ဆက်ပြောသည်။
ယင်းပြင်
မိုင်တိုင်အမှတ် ၄၁ မှ ၄၅ ထိ အောင်သပြေ၊ ခမောင်းဆိပ် နယ်မြေတွင် ခမရ ၅၅၂ က
လုံခြုံရေးကို တာဝန်ယူထားပြီး ခြံစည်းရိုး တလျှောက် ကင်းလှည့်နေသည်ကို
မြင်တွေ့ရသည် ဟု ဒေသခံများက ပြောသည်။
မြန်မာ- ဘင်္ဂလာနယ်စပ် နဟုန်း
နဟမ်းဘက်နှင့် မိုင်တိုင် အမှတ် ၄၈ တည်ရှိရာ ဗန္ဓုကျေးရွာ အနီးတွင်လည်း မခရ
၅၅၂ က လုံခြုံရေးကို တာဝန်ယူသည်ဟု သိရသည်။
ခမရ ၅၅၁ မှ
မိုင်တိုင်အမှတ် ၅၈ မှ ၆၅ ထိ တာဝန်ယူထားပြီး အဆိုပါ ဒေသတွင်လည်း အထိုင်
လုံခြုံရေးကင်းများ၊ လှည့်ကင်များချကာ နယ်စပ် လုံခြုံရေးကို တိုးမြှင့်
လုပ်ဆောင်နေသည်ဟု ဆိုသည်။
ယခု တည်ဆောက်ထားသော ခြံစည်းရိုးကို
ဖြတ်ကျော် သွားလာသူ မည်သူ့ကို မဆိုပါ ပစ်ခတ်ရန် စစ်တပ်က ညွှန်ကြားထားကြာင်း၊
သို့အတွက် နယ်စပ်နေ ပြည်သူများမှာ ခြံစည်းရိုး အနီးသို့ မကပ်ရဲကြကြောင်း
ဒေသခံ ပြည်သူများ၏ အပြောအရ သိရသည်။
အိန္ဒိယ နယ်ခြားစောင့်တပ် BSF
သည် ခြံစည်းရိုးကို ဖြတ်ကျော် ၀င်ရောက်သူများကို မကြာခဏ
ပစ်ခတ်နှိမ်နှင်းမူများ ပြုလုပ်လေ့ ရှိသဖြင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံသားများ
သေဆုံးမူများ ရှိသော်လည်း မြန်မာနယ်စပ်တွင် မူ မြန်မာစစ်တပ်မှ ထိုသို့
ပစ်ခတ်နှိမ်နှင်းမူများကို မကြားရသေးဟု ဒေသ ခံများက ပြောသည်။
http://www.narinjara.com/ burmese
Posted From Myanmar Defense League - MDL
မြန်မာ- ဘင်္ဂလာဒေခ်ျ့ နယ်စပ်တွင် တာဝန်ကျနေသော မြန်မာ့ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် နယ်စပ် ခြံစည်းရိုး တလျှောက်တွင် အိန္ဒိယ နယ်လုံခြုံရေး တပ်ဖွဲ့ BSF ကဲ့သို့ နေ့ည မပြတ် ကင်းလှည့်နေကြသည်ဟု မျက်မြင်ဒေသခံများက ပြောသည်။
“ အရင်တုန်းကတော့ မြန်မာ စစ်တပ်တွေ ခုလို လူပ်ရှားတာမျိုးကို မတွေ့ရဘူး။ ဦးဇင်းတို့ ဟို… အိန္ဒိယ- ဘင်္ဂလာနယ်စပ်မှာ အိန္ဒိယဘက်က နယ်စပ် လုံခြုံရေး စစ်သားတွေ သူတို့လုပ်ထားတဲ့ ခြံစည်းရိုး အနီးမှာ ဒီလို ကင်းလှည့်တာမျိုးကို မြင်ဖူးတယ်။
အခုတော့ မြန်မာဘက်က စစ်သားတွေလည်း ခြံစည်းရိုး တလျှောက် ကင်းလှည့်နေတာတွေကို တွေ့နေရပါတယ်” ဟု နယ်စပ် မီးတိုက်ဒေသမှ ဦးဇင်း တစ်ပါးက ဆိုသည်။
မောင်တောမြို့နယ် မြောက်ပိုင်း မီးတိုက်နယ်မြေမှာ မိုင်တိုင်အမှတ် ၃၇ မှ ၄၀ အကြားတွင် တည်ရှိပြီး ယခုအခါ ခမရ ၃၅၃ မှ စစ်သားများသည် အဆိုပါ မိုင်တိုင်အနီး တောက်လျှောက်ကာရံထားသော ခြံစည်းရိုး အနီးတွင် နေ့ည မပြတ် ကင်းလှည့်နေသည်ဟု သူက ဆက်ပြောသည်။
ယင်းပြင် မိုင်တိုင်အမှတ် ၄၁ မှ ၄၅ ထိ အောင်သပြေ၊ ခမောင်းဆိပ် နယ်မြေတွင် ခမရ ၅၅၂ က လုံခြုံရေးကို တာဝန်ယူထားပြီး ခြံစည်းရိုး တလျှောက် ကင်းလှည့်နေသည်ကို မြင်တွေ့ရသည် ဟု ဒေသခံများက ပြောသည်။
မြန်မာ- ဘင်္ဂလာနယ်စပ် နဟုန်း နဟမ်းဘက်နှင့် မိုင်တိုင် အမှတ် ၄၈ တည်ရှိရာ ဗန္ဓုကျေးရွာ အနီးတွင်လည်း မခရ ၅၅၂ က လုံခြုံရေးကို တာဝန်ယူသည်ဟု သိရသည်။
ခမရ ၅၅၁ မှ မိုင်တိုင်အမှတ် ၅၈ မှ ၆၅ ထိ တာဝန်ယူထားပြီး အဆိုပါ ဒေသတွင်လည်း အထိုင် လုံခြုံရေးကင်းများ၊ လှည့်ကင်များချကာ နယ်စပ် လုံခြုံရေးကို တိုးမြှင့် လုပ်ဆောင်နေသည်ဟု ဆိုသည်။
ယခု တည်ဆောက်ထားသော ခြံစည်းရိုးကို ဖြတ်ကျော် သွားလာသူ မည်သူ့ကို မဆိုပါ ပစ်ခတ်ရန် စစ်တပ်က ညွှန်ကြားထားကြာင်း၊ သို့အတွက် နယ်စပ်နေ ပြည်သူများမှာ ခြံစည်းရိုး အနီးသို့ မကပ်ရဲကြကြောင်း ဒေသခံ ပြည်သူများ၏ အပြောအရ သိရသည်။
အိန္ဒိယ နယ်ခြားစောင့်တပ် BSF သည် ခြံစည်းရိုးကို ဖြတ်ကျော် ၀င်ရောက်သူများကို မကြာခဏ ပစ်ခတ်နှိမ်နှင်းမူများ ပြုလုပ်လေ့ ရှိသဖြင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံသားများ သေဆုံးမူများ ရှိသော်လည်း မြန်မာနယ်စပ်တွင် မူ မြန်မာစစ်တပ်မှ ထိုသို့ ပစ်ခတ်နှိမ်နှင်းမူများကို မကြားရသေးဟု ဒေသ ခံများက ပြောသည်။
http://www.narinjara.com/
Posted From Myanmar Defense League - MDL
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ