မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Tuesday, October 15, 2013

ကုန်သည်ကြီးများဟိုတယ် ပေါက်ကွဲမှု နောက်ဆက်တွဲ


ကုန်သည်ကြီးများဟိုတယ်မှာ မနေ့ညက ပေါက်ကွဲတဲ့ဗုံးက အခန်းနံပတ် ၉၂၁ ရဲ့ အိမ်သာခန်းထဲ ပေါက်ကွဲခဲ့တာလို့
Bomb Blast Hits Traders Hotel in Rangoon ဆိုတဲ့  ဧရာဝတီသတင်းတပုဒ်မှာ ရေးထားပါတယ်။
မူရင်းကို http://www.irrawaddy.org/burma/breaking-news/bomb-blast-hits-traders-hotel-rangoon.html မှာ ဖတ်နိုင်ပါတယ်။


အမျိုးသမီးတဦး ဒဏ်ရာရသွားတယ်၊ ဆေးရုံပို့လိုက်တယ်၊ သူ့ခင်ပွန်း  Max Mezezy ပြောတာကတော့ အန္တရာယ်က လွတ်ခဲ့သလို အသက် ၅ နှစ် နဲ့ ၇ နှစ်အရွယ် သား နှစ်ယောက်လည်း အထိအခိုက် မရှိခဲ့ပါဘူးလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဒီရဲ့ အမေရိကန်မိသားစုက မြန်မာပြည်ကို ခေတ္တ လာရောက်တာဖြစ်ပြီး ဟောင်ကောင်မှာ နေထိုင်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ပေါက်ကွဲမှုကြောင့် မှန်ကွဲစတွေ လမ်းပေါ် လွှင့်သွားပါတယ်။
ဟိုတယ်မန်နေဂျာ Phillip Couvaras က ဒဏ်ရာရသွားတဲ့အမျိုးသမီးကို ဆေးရုံပို့လိုက်တယ် ဆိုတာပဲ ပြောပါတယ်၊ တခြား အသေးစိတ်အချက်တွေကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါ၊ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးဆဲကာလမို့ ဒီထက် ပိုပြောလို့မရဘူးလို့ ဆိုပါတယ်။

Reuters သတင်းတပုဒ်မှာတော့ .... ဒီဧည့်သည်တွေမတိုင်ခင် ဒီအခန်းမှာ ဘယ်သူတည်းတယ်ဆိုတာကို စုံစမ်းနေတယ်ဆိုတဲ့အကြောင်း ရဲအရာရှိ ဟန်ဝင်းစိုးက ပြောတယ်လို့ ရေးထားပါတယ်။



ဓာတ်ပုံတွေမှာ တွေ့ရတဲ့အတိုင်း
  မှန်ကွဲစတွေ လမ်းပေါ်အထိ ပြန့်ကျဲသွားတာပါ။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေလည်း 
အနံ့ခံခွေးဆွဲပြီး ရောက်လာကြ စစ်ဆေးကြပါတယ်။


ကုန်သည်ကြီးများဟိုတယ်ခန်းထဲ အသေးစား ပေါက်ကွဲမှု မတိုင်ခင်မှာတော့ ရန်ကုန်၊ မန္တလေး၊ တောင်ငူမြို့တို့မှာ ဗုံးတချို့ တွေ့ရှိခဲ့ပါတယ်၊ ပေါက်ကွဲမှုတချို့လည်း ဖြစ်ခဲ့ပါတယ်။

ဒီစာကို ရေးနေတုန်း ရန်ကုန်မြို့ ၃၈ လမ်းတ၀ိုက်မှာ   လက်ဆွဲသေတ္တာတလုံး ပိုင်ရှင်မဲ့ တွေ့ရလို့ အဲဒီနေရာမှာ ရုပ်ရုပ်သဲသဲ ဖြစ်နေပါတယ် တဲ့။

သတင်းအချက်အလက်တွေ ထပ်ရရင် ဒီဘလော့ http://blog.irrawaddy.org မှာ ထပ်မံ ဖော်ပြပေးပါ့မယ်။

မနက် ၁၁း၀၀ ထပ်မံဖြည့်စွက်ချက်


၃၈ လမ်းအနီး လက်ဆွဲသေတ္တာနားကို မကပ်ကြဖို့ ရဲတပ်ဖွဲ့ဝင်တွေက ဆောင်ရွက်နေပါတယ်။
ဘာမှန်းမသိရသေးတဲ့သေတ္တာနားကို မကပ်အောင် ကြိုးတားပြီး ဟန့်တားထားတာပါ။
ဗုံးရှင်းလင်းရေးတပ်ဖွဲ့ဝင်တွေ မကြာခင် ရောက်လာမယ်လို့ ယူဆရပါတယ်။
အနားက ဆိုင်တွေကတော့ ပိတ်ထားလိုက်ကြတယ်လို့ သိရပါတယ်။

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ