မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Wednesday, October 2, 2013

နိုင်ကျဉ်းလွတ်ဖို့ မန္တလေးမှ ရခိုင်ဒေသအထိ လမ်းလျှောက်ပြီ


Wednesday, October 2, 2013

ကျန်ရှိနေသေးသည့်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး တကိုယ်တော်ဆန္ဒဖော်ထုတ်မှု၂ကြိမ် တိုင် ပြုလုပ်ခဲ့သော်လည်း အစိုးရက လိုက်လျောခြင်း မရှိသေးသည့်အတွက် ရခိုင်ဆရာတော် ဦးရက္ခ၀ံသသည် အင်္ဂါနေ့ နေ့လယ်တွင် မန္တလေးမြို့မှ ရခိုင်ပြည်နယ်သို့ လမ်းလျှောက်ပြီး ထပ်မံ ဆန္ဒဖော်ထုတ်သည့်အစီအစဉ်ကို စတင်လိုက်သည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် အဆုံးသတ်မည့် ခရီးစဉ်တလျှောက်
ရေနှင့်ဖျော်ရည်မှတပါး အစားအစာ ဘုန်းပေးခြင်းမပြုဘဲ အစာငတ်ခံ ဆန္ဒဖော်ထုတ်မည်ဟု သိရသည်။


"ဒါ သုံးကြိမ်မြောက်ဆန္ဒဖော်ထုတ်တာပါ၊ ပထမအကြိမ်က ရန်ကုနှ်မြို့တော်
ခန်းမရှေ့ အစာငတ်ခံ ဆန္ဒဖော်ထုတ်တာ၊ ဒုတိယအကြိမ်က ရန် ကုန်ကနေ မန္တလေးအထိ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့တယ်၊

အဲဒီအချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့တောင်းဆိုခဲ့တယ်၊
အခုထက်ထိဘာမှ ဖြစ်မလာဘူး၊ တကယ်လို့ လကုန်တဲ့အထိမှ လွတ် မလာခဲ့ဘူးဆိုရင် ထပ်ပြီးတော့ တောင်းဆိုမယ်ဆိုပြီး သတင်းစာရှင်းလင်းပွဲမှာ မိန့်ကြားခဲ့တယ်၊ အခုလကုန်ပြီဘာမှ မထူးခြားလာဘူးဒါကြောင့် မဟာမုနိကနေ ရခိုင်မဟာမုနိအထိ လမ်းလျှောက်သွားပြီး တောင်းဆိုဖို့ပါ ဟု ဆရာတော်က မိန့်ဆိုသည်။

လမ်းတလျှောက် အကူ အညီပေးမည့်ဒကာတစ်ဦးနှင့် ဒကာမတစ်ဦးတို့ လိုက်ပါသွားကြောင်း သိရသည်။

အေးချမ်းမွန် Credit To >ဧရာဝတီ Re-posted By ACM 2-10-2013
https://www.facebook.com/excellencemedia

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ