Maritime Security အတွက် မှန်ကန်သော ဆုံးဖြတ်ချက်တစ်ခုအဖြစ် ကြိုဆိုပါသည်
-----------------------------------------------------------------------------------------
နိုင်ငံခြားငါးဖမ်းရေယာဉ်များ ငါးဖမ်းဆီးခွင့်ကို လာမည့်နှစ် ဧပြီလမှ စတင်ရပ်ဆိုင်းမည်
မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်တွင် Fishing Rights အစီအစဉ်ဖြင့်
ငါးဖမ်းဆီးခွင့် ပေးထားခြင်းကို ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှ
စတင်ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်၊ မြန်မာ့ရေပိုင်နက်မျဉ်း၏ အပြင်ဘက်
သီးသန့်စီးပွားရေးဇုန်အတွင်း Fishing Rights အစီအစဉ်ဖြင့်
ငါးဖမ်းဆီးခွင့်ပြုခြင်း အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာလအတွင်းက
နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊
ငါးလုပ်ငန်းဆိုင်ရာ ပညာရှင်များ၊ ရေလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ
တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲ
ရလဒ်အဖြစ် Fishing Rights အစီအစဉ်အရ နိုင်ငံခြား ငါးဖမ်းရေယာဉ်များအား
ငါးဖမ်းဆီးခွင့် မပြုသင့်ကြောင်း ဆုံးဖြတ်ရရှိခဲ့ခြင်း၊ ငါး/ပုစွန်
သယံဇာတကို ထိန်းသိမ်းကာကွယ်ရန် လိုအပ်ခြင်း၊ တိုင်းရင်းသား
လုပ်ငန်းရှင်များ ရေနက်ပိုင်း ငါးဖမ်းလုပ်ငန်းများ
ဆောင်ရွက်လာနိုင်စေရေးတို့အတွက် ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှ စတင်ကာ
နိုင်ငံခြား ငါးဖမ်းရေယာဉ်များ ငါးဖမ်းဆီးခွင့်ကို
ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။
ယခု ဘဏ္ဍာနှစ် လက်ရှိအထိ
မြန်မာ့ပင်လယ်ပြင်၌ Fishing Rights အစီစဉ်ဖြင့် ဖမ်းဆီးနေသည့်
နိုင်ငံခြားငါးဖမ်းရေယာဉ် စုစုပေါင်း အစင်း ၆၀ ကျော်ရှိပြီး အခွန်ငွေအဖြစ်
အမေရိကန်ဒေါ်လာ ၁၃ သန်းကျော် ရရှိထားကြောင်း ငါးလုပ်ငန်း ဦးစီးဌာနက
ထုတ်ပြန်ထားသည်။
မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်တွင် ငါး/ပုစွန်
သယံဇာတများ လျော့နည်းလာခြင်းကြောင့် ငါးလုပ်ငန်းဆိုင်ရာ ပင်လယ်ပြင် သုတေသန
ပြုလုပ်ရန်အတွက် နော်ဝေနိုင်ငံမှ သုတေသနသင်္ဘောဖြင့် ဆောင်ရွက်ခဲ့ကြောင်း
သိရသည်။
နိုင်ငံခြားငါးဖမ်းရေယာဉ်များ မြန်မာ့ပင်လယ်
ငါးလုပ်ငန်းရေပြင်တွင် ဖမ်းဆီးခွင့် လုပ်ငန်းလုပ်ကိုင်နိုင်ရန် နိုင်ငံတော်
ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့လက်ထက် ၁၉၈၉ ခုနှစ်တွင် နိုင်ငံခြားငါးဖမ်းရေယာဉ်များ ငါးလုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေကို ပြဋ္ဌာန်းခဲ့ကြောင်း သိရသည်။
နိုင်ငံခြားငါးဖမ်းရေယာဉ်များကို
မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်တွင် ငါးဖမ်းဆီးခွင့်
ရပ်ဆိုင်းလိုက်သဖြင့် ယခုအခါတွင် တိုင်းရင်းသားလုပ်ငန်းရှင်များ
ရေနက်ပိုင်း ငါးဖမ်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း
သိရသည်။ မြန်မာနိုင်ငံမှ ပြည်ပသို့ ရေထွက်ကုန်များ တင်ပို့ရာတွင်
ပင်လယ်ပြင်မှ ဖမ်းဆီးရမိသည့် ငါးပုစွန်များကို အဓိကတင်ပို့နေခြင်းဖြစ်ပြီး
မွေးမြူရေး၊ ရေချို ငါးဖမ်းလုပ်ငန်းမှ ဖမ်းဆီးရမိသည့် ရေထွက်ကုန်များကို
တင်ပို့နေကြောင်း သိရသည်။
EMG
Maritime Security အတွက် မှန်ကန်သော ဆုံးဖြတ်ချက်တစ်ခုအဖြစ် ကြိုဆိုပါသည်
-----------------------------------------------------------------------------------------
နိုင်ငံခြားငါးဖမ်းရေယာဉ်များ ငါးဖမ်းဆီးခွင့်ကို လာမည့်နှစ် ဧပြီလမှ စတင်ရပ်ဆိုင်းမည်
မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်တွင် Fishing Rights အစီအစဉ်ဖြင့် ငါးဖမ်းဆီးခွင့် ပေးထားခြင်းကို ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှ စတင်ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်၊ မြန်မာ့ရေပိုင်နက်မျဉ်း၏ အပြင်ဘက် သီးသန့်စီးပွားရေးဇုန်အတွင်း Fishing Rights အစီအစဉ်ဖြင့် ငါးဖမ်းဆီးခွင့်ပြုခြင်း အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာလအတွင်းက နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ ငါးလုပ်ငန်းဆိုင်ရာ ပညာရှင်များ၊ ရေလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲ ရလဒ်အဖြစ် Fishing Rights အစီအစဉ်အရ နိုင်ငံခြား ငါးဖမ်းရေယာဉ်များအား ငါးဖမ်းဆီးခွင့် မပြုသင့်ကြောင်း ဆုံးဖြတ်ရရှိခဲ့ခြင်း၊ ငါး/ပုစွန်
သယံဇာတကို ထိန်းသိမ်းကာကွယ်ရန် လိုအပ်ခြင်း၊ တိုင်းရင်းသား
လုပ်ငန်းရှင်များ ရေနက်ပိုင်း ငါးဖမ်းလုပ်ငန်းများ
ဆောင်ရွက်လာနိုင်စေရေးတို့အတွက် ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှ စတင်ကာ
နိုင်ငံခြား ငါးဖမ်းရေယာဉ်များ ငါးဖမ်းဆီးခွင့်ကို
ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။
ယခု ဘဏ္ဍာနှစ် လက်ရှိအထိ မြန်မာ့ပင်လယ်ပြင်၌ Fishing Rights အစီစဉ်ဖြင့် ဖမ်းဆီးနေသည့် နိုင်ငံခြားငါးဖမ်းရေယာဉ် စုစုပေါင်း အစင်း ၆၀ ကျော်ရှိပြီး အခွန်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၁၃ သန်းကျော် ရရှိထားကြောင်း ငါးလုပ်ငန်း ဦးစီးဌာနက ထုတ်ပြန်ထားသည်။
မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်တွင် ငါး/ပုစွန် သယံဇာတများ လျော့နည်းလာခြင်းကြောင့် ငါးလုပ်ငန်းဆိုင်ရာ ပင်လယ်ပြင် သုတေသန ပြုလုပ်ရန်အတွက် နော်ဝေနိုင်ငံမှ သုတေသနသင်္ဘောဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နိုင်ငံခြားငါးဖမ်းရေယာဉ်များ မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်တွင် ဖမ်းဆီးခွင့် လုပ်ငန်းလုပ်ကိုင်နိုင်ရန် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့လက်ထက် ၁၉၈၉ ခုနှစ်တွင် နိုင်ငံခြားငါးဖမ်းရေယာဉ်များ ငါးလုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေကို ပြဋ္ဌာန်းခဲ့ကြောင်း သိရသည်။
နိုင်ငံခြားငါးဖမ်းရေယာဉ်များကို
မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်တွင် ငါးဖမ်းဆီးခွင့်
ရပ်ဆိုင်းလိုက်သဖြင့် ယခုအခါတွင် တိုင်းရင်းသားလုပ်ငန်းရှင်များ
ရေနက်ပိုင်း ငါးဖမ်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း
သိရသည်။ မြန်မာနိုင်ငံမှ ပြည်ပသို့ ရေထွက်ကုန်များ တင်ပို့ရာတွင်
ပင်လယ်ပြင်မှ ဖမ်းဆီးရမိသည့် ငါးပုစွန်များကို အဓိကတင်ပို့နေခြင်းဖြစ်ပြီး
မွေးမြူရေး၊ ရေချို ငါးဖမ်းလုပ်ငန်းမှ ဖမ်းဆီးရမိသည့် ရေထွက်ကုန်များကို
တင်ပို့နေကြောင်း သိရသည်။
EMG
------------------------------
နိုင်ငံခြားငါးဖမ်းရေယာဉ်များ ငါးဖမ်းဆီးခွင့်ကို လာမည့်နှစ် ဧပြီလမှ စတင်ရပ်ဆိုင်းမည်
မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်တွင် Fishing Rights အစီအစဉ်ဖြင့် ငါးဖမ်းဆီးခွင့် ပေးထားခြင်းကို ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှ စတင်ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်
မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်၊ မြန်မာ့ရေပိုင်နက်မျဉ်း၏ အပြင်ဘက် သီးသန့်စီးပွားရေးဇုန်အတွင်း Fishing Rights အစီအစဉ်ဖြင့် ငါးဖမ်းဆီးခွင့်ပြုခြင်း အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာလအတွင်းက နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ ငါးလုပ်ငန်းဆိုင်ရာ ပညာရှင်များ၊ ရေလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲ ရလဒ်အဖြစ် Fishing Rights အစီအစဉ်အရ နိုင်ငံခြား ငါးဖမ်းရေယာဉ်များအား ငါးဖမ်းဆီးခွင့် မပြုသင့်ကြောင်း ဆုံးဖြတ်ရရှိခဲ့ခြင်း၊ ငါး/
ယခု ဘဏ္ဍာနှစ် လက်ရှိအထိ မြန်မာ့ပင်လယ်ပြင်၌ Fishing Rights အစီစဉ်ဖြင့် ဖမ်းဆီးနေသည့် နိုင်ငံခြားငါးဖမ်းရေယာဉ် စုစုပေါင်း အစင်း ၆၀ ကျော်ရှိပြီး အခွန်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၁၃ သန်းကျော် ရရှိထားကြောင်း ငါးလုပ်ငန်း ဦးစီးဌာနက ထုတ်ပြန်ထားသည်။
မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်တွင် ငါး/ပုစွန် သယံဇာတများ လျော့နည်းလာခြင်းကြောင့် ငါးလုပ်ငန်းဆိုင်ရာ ပင်လယ်ပြင် သုတေသန ပြုလုပ်ရန်အတွက် နော်ဝေနိုင်ငံမှ သုတေသနသင်္ဘောဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နိုင်ငံခြားငါးဖမ်းရေယာဉ်များ မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်တွင် ဖမ်းဆီးခွင့် လုပ်ငန်းလုပ်ကိုင်နိုင်ရန် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွ
နိုင်ငံခြားငါးဖမ်းရေယာဉ်များကု
EMG
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ