မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
▼
ပြည်သူ့လွှတ်တော်အစည်းအဝေးကျင်းပစဉ် ကိုယ်စားလှယ်တစ်ဦး သေဆုံး
-
Post 14 November 2013
-
By ကောင်းမြတ်ဖြိုး ( မြစ်မခ )
နိုဝင်ဘာလ(၁၄)ရက်နေ့က
ကျင်းပသော ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး(၂၂)ရက်မြောက်နေ့၌
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုပန်ဘဲတန်းလွှတ်တော်ကိုယ်စားလှယ်
ဦးအောင်ဆန်းမှာ လွှတ်တော်အစည်းအဝေးကျင်းပနေစဉ်အတွင်း ရုတ်တရက်လဲကျပြီး
သေဆုံးခဲ့သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းထံမှသိရသည်။
“ပန်းဘဲတန်းမြို့နယ်
ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ဆန်း အစည်းအဝေးအတွင်း ရုတ်တရက် လဲကျ ။
ဝိုင်းဝန်းပြုစု သည့်ကြားကအသက်မကယ်နိုင်ဘဲ သေဆုံး ။” ဟု ၎င်း၏ လူမှုရေးစာမျက်နှာ၌ ဓါတ်ပုံနှင့်တကွဖော်ပြခဲ့သည်။
ယနေ့အစီအစဉ်တွင် SEA GAME
အားကစားပွဲများနှင့်ပတ်သက်သော ဦးအောင်ဆန်း၏မေးခွန်းပါလာရာ အားကစား
ဒုဝန်ကြီး ဖြေကြားမှု အပေါ်အားရဝမ်းသာဖြစ်နေပြီး၎င်းမှာ
အထူးစိတ်လှုပ်ရှားမှုရှိခဲ့ ကြောင်းကိုလည်း ဦးရဲထွန်းကနိုဝင်ဘာ(၁၄)ရက်နေ့
နေ့လည် ၃ နာရီခန့်က ထပ်မံဖော်ပြခဲ့သည်။
ယနေ့လွှတ်တော်အစီအစဉ်တွင်
ဦးအောင်ဆန်းမေးသည့်မေးခွန်းမှာ ၂၀၁၃ ခုနှစ်၊ဩဂုတ်လ ၄ ရက်နေ့၌ ဝဏ္ဏသိဒ္ဓိ
အားကစားရုံ တွင် ဖြစ်ပွားခဲ့သောအပြုအမူမျိုးကြောင့် မကြာမီကျင်းပတော့မည့်
အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ထပ်မံမဖြစ်ပွား
စေရေးလုံခြုံရေးဆောင်ရွက်ထားရှိမှုနှင့်
ပြိုင်ပွဲကျင်းပခြင်းဆိုင်ရာကိစ္စများနှင့် စပ်လျဉ်းသည့် မေးခွန်းဖြစ်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များထံသို့ဆက်သွယ်ခဲ့သော်လည်း အစည်းအဝေးကျင်းပစဉ်ကာလဖြစ်သဖြင့် ဆက်သွယ်၍ မရခဲ့ပေ။
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ