မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Tuesday, December 17, 2013

မင်းအောင်လှိုင်အမှီးက

 
 
 
မင်းအောင်လှိုင်အမှီးက သိန်းစိန်ထက်တောင်ဆိုးသေးတယ်။ ကောက်ရုံတင်မက ၂ပင်ကို လိမ်နေတာ... နိုင်ငံတော်အကြီးအကဲလို့သုံးသွားတာ တွေ့တယ်၊ ဘယ်သူ့ကိုဆိုလိုတာလဲ ရှင်းရှင်းလင်းလင်း ပြောပါ၊ ဝှေ့လည်ကြောင်ပတ် အရူးကွက်မနင်းနဲ့၊ မင်းလည်တယ်ဆိုတာ သူများတွေ အိပ်နေသလောက်ပဲရှိတယ်.... သန်းရွှေလား သိန်းစိန်လား ရှင်းရှင်းပြော ====================================== ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းတွင် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူ ကြူလှသည် အဖွဲ့ဝင်များ လိုက်ပါ ၍ ဘားအံ တပ်နယ်ရှိ တပ်နယ် ခန်းမတွင် အရာရှိ/ စစ်သည် မိသားစုများနှင့် တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။ တွေ့ဆုံပွဲများတွင် တိုင်းပြည် တည်ငြိမ် အေးချမ်းမှ ဖွံ့ဖြိုး တိုးတက်မည် ဆိုသည့် နိုင်ငံတော် အကြီး အကဲ၏ လမ်းညွှန်ချက်နှင့်အညီ ငြိမ်းချမ်းရေး ကိစ္စရပ်များတွင် တပ်မတော်မှ ပူးပေါင်း ပါဝင် ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံ တကာတွင် ဖွံ့ဖြိုးတိုးတက် နေသော နိုင်ငံများကဲ့သို့ မိမိနိုင်ငံ ကိုလည်း တိုးတက် စေလိုကြောင်း၊ ပြည်တွင်းတွင် လက်နက်ကိုင် ပဋိပက္ခများ ရှိနေခြင်းသည် မိမိတို့ နိုင်ငံသားတွေပဲ နစ်နာရကြောင်း၊ အမှန်တကယ် ဒီမိုကရေစီကို ရယူလိုပါက လက်နက်ကိုင် လမ်းစဉ်ကို မစွန့်လွှတ်စရာ မရှိသလို ငြိမ်းချမ်းရေးကိုလည်း မလွဲမသွေရယူ ရမှာဖြစ်ကြောင်း၊ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေသည် လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက် အတွက်၊ အဖွဲ့အစည်း တစ်ရပ်အတွက် ရေးဆွဲထားခြင်း မဟုတ်ဘဲ ပြည်ထောင်စု တိုင်းရင်းသား အားလုံးအတွက် လူတန်းစား အလွှာ အသီးသီးမှ ပါဝင်သည့် ပြည်သူ့ ကိုယ်စားလှယ်များက စနစ်တ ကျ ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြဋ္ဌာန်း ထားသည့်အတိုင်း အမျိုးသား နိုင်ငံရေးအခန်း ကဏ္ဍတွင် တပ်မတော် ပါဝင်နေရခြင်းမှာလည်း နိုင်ငံရေး တည်ငြိမ်မှု ရင့်ကျက် ခြင်း၊ ပြည်သူပြည်သားများ၏ ဒီမိုကရေစီ ကျင့်စဉ် များ၊ ဥပဒေ နှင့်အညီ ကျင့်ကြံ နေထိုင်ခြင်းများ အတွက် ဝိုင်းဝန်း ထိန်းသိမ်းရန် ဖြစ်ကြောင်း၊ တပ်မတော် သားများသည် တိုင်းပြည်ကို ချစ်သည့်စိတ်၊ ကာကွယ် လိုသည့်စိတ်၊ တိုးတက်အောင် ဆောင်ရွက်လိုသည့် စိတ်များဖြင့် မိမိ သဘော ဆန္ဒအလျောက် ဝင်ရောက် အမှုထမ်းကြခြင်းမှာ တပ်မတော်၏ ထူးခြားသည့် ဝိသေသ ဖြစ်ကြောင်း၊ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် ရဲဘော်သုံးကျိပ်က အခြေခံ သန္ဓေ တည်ခဲ့သော တပ်မတော်အား နောက်ပိုင်းကာလ ခေါင်းဆောင် အသီးသီးမှ သူ့ခေတ်သူ့ စနစ်နှင့် ကိုက်ညီအောင် ဦးဆောင်မှု ပေးပြီး စည်းကမ်း ကောင်းမွန်မှုနှင့် အမိန့်နာခံမှု အခြေခံကောင်းများ ရရှိအောင် ဆောင်ရွက် ပေးခဲ့ကြောင်း၊ လွတ်လပ်ရေး ရပြီး ကာလ နောက်ပိုင်းမှ ယနေ့တိုင်အောင် ဆယ်စုနှစ်အလိုက် ကြည့်ပါက ရှိသည့် အင်အားဖြင့် တိုင်းပြည်ကို လုံခြုံအောင် ကာကွယ် စောင့်ရှောက် နိုင်သည်မှာလည်း မည်သို့မှ မငြင်းနိုင်သည့် တပ်မတော်၏ သမိုင်းအစဉ် အလာကြီးမားမှု ဖြစ်ကြောင်း၊ ယင်းထူးခြားသည့် ဝိသေသနှင့် ကြီးမားသည့် သမိုင်းအစဉ် အလာများကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ပြီး နိုင်ငံတော်နှင့် တပ်မတော်မှ အားကိုး အားထား ရသည့် တပ်၊ ပြည်သူက ယုံကြည် လက်ခံသော တပ်ဖြစ်စေရေး စည်းလုံး ညီညွတ်စွာဖြင့် ကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်ကြောင်း အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြား ခဲ့သည်။

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ