မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Tuesday, December 17, 2013

နိုင်ငံရေးဟောကိန်း – ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မှာလား


၂ဝ၁၃ နိုဝင်ဘာ ၂၇ရက်နေ့ကစပြီး အင်္ဂါဂြိုဟ်ဟာ စန်းပေါ်ဖြတ်သန်းနေတဲ့အချိန်လည်းဖြစ်၊ လာမယ့် မတ်လ ၃ရက်နေ့ကနေစပြီး လာမယ့် ၂ဝ၁၄ ဇူလိုင်အထိ စနေဂြိုဟ်နဲ့ အင်္ဂါဂြိုဟ်ဟာ စုံတွဲဖြစ်နေပြီး နောက်ပြန်ဆုတ်နေတာကြောင့် အရေးပါတဲ့နိုင်ငံရေး ဆုံးဖြတ်ချက်တွေ လှုပ်ရှားမှုတွေလုပ်ရင် အခက်အခဲရှိတယ်လို့ AstroPolitical Science ပညာရှင် ဆရာ Bella Liberty က ဟောကိန်းထုတ်လိုက်ပါတယ်။
၂ဝ၁၄ ဇူလိုင်မတိုင်ခင် ဖွဲ့စည်းပုံပြင်ဆင်ရေး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဇွတ်တိုးလုပ်မယ်ဆိုရင် အခြေအနေတွေ အကုန်နောက်ပြန်လှန်သွားနိုင်တာမို့ ဇူလိုင်ကျော်မှလုပ်ဖို့ သူကဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မှာလား။ ဖွဲ့စည်းပုံပြင်ဖြစ်မလား။ ဒါတွေအားလုံးက လက်ရှိသမ္မတ ဦးသိန်းစိန်ပေါ်မူတည်နေတယ်လို့ဆိုပါတယ်။
၂ဝ၁၄ ဇူလိုင်နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းစိန်နဲ့ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကြား ခိုင်မာတဲ့ သဘောတူညီမှုရပြီး ဖွဲ့စည်းပုံပြင်ဆင်နိုင်မယ်ဆိုရင်တောင် မြန်မာနိုင်ငံအတွက် နောက်ထပ် ကံကြမ္မာဆိုးတစ်ခု စောင့်နေတယ်လို့ ဆိုပါတယ်။ အဲဒါကတော့ ၂ဝ၁၈မှာ ပြည်ထောင်စု ပြိုကွဲနိုင်မယ့်အခြေအနေလို့ဆိုပါတယ်။
၂ဝ၁၈ဟာ နိုင်ငံတော်ရဲ့ ကံဇာတာအရ စစ်နဲ့ပဋိပက္ခယှဉ်တွဲနေတာကြောင့် ထာဝရငြိမ်းချမ်းရေး ပေါ်ပေါက်ခဲ့ရင် ပြည်ထောင်စုဟာ ဒီအတိုင်းရှိနေမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ