မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Tuesday, December 17, 2013

ဂျပန် နိုင်ငံစစ်တပ်ပုံစံ ပြောင်းလဲရေး ပြုလုပ်မယ်

ဂျပန် နိုင်ငံဟာ တရုတ်တို့ရဲ့ ခြိမ်းခြောက်မှု ကြီးထွားလာနေတာကို တုံ့ပြန်ဆောင်ရွက်တဲ့ အနေနဲ့ ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်ရေးနဲ့ စစ်တပ်ပုံစံ ပြောင်းလဲရေး ပြုလုပ်မယ့် ၅ နှစ် စီမံကိန်း တစ်ခုကို ကြေညာလိုက်ပါတယ်။
အဲဒီစီမံကိန်းမှာ ရေတပ် တပ်ဖွဲ့ အသစ်တစ်ခုကို ဖွဲ့စည်းမှာ ဖြစ်ပြီး ရေဒါ ထောက်လှမ်းရေး လေယာဉ်နဲ့ သင်္ဘောတွေကိုလည်း ဝယ်ယူမှာ ဖြစ်ပါတယ်။

နောက်ပြီး ဂျပန်ဟာ ကာကွယ်ရေး စခန်းနေရာကိုလည်း မြောက်ဘက် ကနေ တရုတ်နဲ့ မျက်နှာချင်းဆိုင် တောင်ဘက် ကျွန်းစုတွေ ဆီကို ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။

တရုတ်တို့ဟာ ဝေဟင်နဲ့ ကမ်းလွန်မှာ တပ်ဖွဲ့တွေကို အင်အားတိုးချဲ့ကာ နဂို ရှိနေတဲ့ အနေအထားကို ပြောင်းလဲဖို့ ကြိုးပမ်းနေတယ်လို့ ဂျပန်က တရုတ်ကို စွပ်စွဲပါတယ်။

အရှေ့တရုတ်ပင်လယ်ပြင်မှာက သူပိုင် ငါပိုင် အငြင်းပွားနေတဲ့ ကျွန်းစုကိစ္စ ကလည်း တင်းမာမှုတွေ တိုးပွားလာနေဆဲ ဖြစ်ပါတယ်။

http://www.bbc.co.uk/burmese/world/2013/12/131217_japan_defence.shtml

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ