မြန်မာဘောလုံးပရိတ်သတ်... ထန်းရည်မူးသမားနဲ့
ကိုယ်ဝန်သည်...
===============
ကျနော်ငယ်ငယ်က ကြည့်ခဲ့ဘူးတဲ့ အငြိမ့်ပွဲတစ်ခုက လူရွှင်တော်တွေပျက်တဲ့ ပျက်လုံးတစ်ခုကို သတိရမိတယ်....
လူရွှင်တော် တစ်ယောက်က ပြောပါတယ်.. "ထန်းရေမူးသမားနဲ့ ကိုယ်ဝန်ဆောင်မိန်းမတွေနဲ့ အတူတူပဲ" တဲ့..
ထန်းရေမူးသမားဟာ အမူးလွန်လာရင် ထန်းတောထဲက ဒယီးဒယိုင်ထ၊ ထန်းပင်ကိုမော့ကြည့်၊ ကလော်တုတ်တော့တာပဲတဲ့၊ ဒါပေမဲ့ နောက်နေ့ အမူးပြေပြီး နေညိုလို့ လေပြိုလာရင် ထန်းနို့ကို မော့ကြည့်တာပါပဲတဲ့၊ မပြတ်နိုင်ဘူးပေါ့။ ထန်းနို့က ထန်းရည်ရတာကို...
ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကလည်း ထန်းရေမူးသမားလိုပါဘဲတဲ့။ အာဝေဏိက ဒုက္ခကို အသည်းအသန်ခံစားနေရချိန်မှာ ယောက်ကျားလုပ်သူကို အပြစ်တင်ပါသတဲ့။ "မသာ ဒင်းကြောင့် ငါခံစားရတာ၊ တွေ့မယ်" ပေါ့။သူလည်း အမူးပြေတော့ ထန်းနို့ မော့ကြည့်တာပါပဲတဲ့... (လူရွှင်တော်ပြောတာနော်)
အခုလည်း... ကျနော်တို့ မြန်မာတွေ မြန်မာဘောလုံးအသင်းကို စိတ်အနာကြီးနာ... မေတ္တာတွေပို့... ဘောလုံးအဖွဲ့ချုပ်ကိုပဲ ဖျက်ခိုင်းရတာနဲ့၊ ဘောလုံးသမားအားလုံးကို အထုတ်ခိုင်းရတာနဲ့... အားလုံးကို မီးရှို့ပစ်ချင်ရတာနဲ့... အချိန်တန်တော့လည်း... ခင်ဗျားတို့ ထန်းနို့ကိုမော့ကြည့်ဦးမှာပါဗျာ.....
ကျနော်ပြောတာ မှန်လား မှားလား ညနေရပ်ကွက်ထဲက အသံတွေ နားထောင်ကြည့်လိုက်... အမူးပြေနေတဲ့ ထန်းရည်သမားတွေ ထန်းပင်အောက်ကနေ ထန်းနို့မော့ကြည့်နေတာ တွေ့လိမ့်မယ်....

No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ