မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
▼
Monday, December 30, 2013
ပြည်ခိုင်ဖြိုးပါတီတွင်း စည်းလုံးမှု အားနည်းနေသေးကြောင်း သူရဦးရွှေမန်း ၀န်ခံ
Monday, December 30, 2013
ရန်ကုန် Monday, December 30, 2013
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေး ပါတီဝင် အများစုဖြင့် ဖွဲ့စည်းထားသည့် အစိုးရအဖွဲ့နှင့်
လက်ရှိပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း နာယကအဖြစ် တာဝန်ထမ်းဆောင်နေသည့်
ပြည်ထောင်စုလွှတ်တော် တို့အကြား ပွတ်တိုက်မှုများရှိနေချိန်တွင် ပါတီတွင်း
စည်းလုံးညီညွတ်မှု အားနည်းနေကြောင်း ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက
ဝန်ခံပြောကြားလိုက်သည်။
““ပါတီတွင်း စည်းလုံးညီညွတ်ရေးအတွက် ပါတီတွင်း၊ အစိုးရ၊ တပ်မတော်တို့ကို
ဆောင်ရွက်ခဲ့ရာတွင် ထိုက်သင့်သလောက် အောင်မြင်မှုရှိသော်လည်း
မျှော်လင့်ထားသလောက် မရရှိသေးသည်ကို ၀န်ခံပြောဆိုရမှာ ဖြစ်ပါတယ်””ဟု
သူရဦးရွှေမန်းက ကျင်းပဆဲဖြစ်သည့် ပါတီ ဗဟိုကော်မတီ
ဒုတိယအကြိမ်အစည်းအဝေးတွင် ပြောကြားသည်။
ယနေ့အချိန်သည် နိုင်ငံအတွက် အရေးကြီးသည့်အချိန် ဖြစ်သကဲသို့ ပါတီအတွက်
ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ပြီး ပါတီရှင်သန်အောင်မြင်ရေးအတွက်
အလွန်အရေးကြီးနေသည့်အချိန် ဖြစ်ကာ ပါတီတွင်းစည်းလုံးညီညွတ်နိုင်ရေးအတွက်
ပထမအကြိမ် ပါတီညီလာခံကို ကျင်းပပေးခဲ့ပြီးဖြစ်ကြောင်း
သူရဦးရွှေမန်းကဆက်လက်ပြောသည်။
ပြည်ခိုင်ဖြိုးပါတီဝင်အများစုပါဝင်သော ပြည်ထောင်စုအစိုးရအဖွဲ့နှင့်
လွှတ်တော်အကြား ပွတ်တိုက်မှုများရှိနေပြီး ယမန်နှစ်က အခြေခံဥပဒေခုံရုံးနှင့်
ပတ်သက်၍ ဖြစ်ပေါ်ခဲ့သည့် ကိစ္စရပ်သည် အကြီးမားဆုံးပွတ်တိုက်မှု ဖြစ်ခဲ့သည်။
ထိုဖြစ်စဉ်များကြောင့် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို
ကာလအတန်ကြာ ကျင်းပခြင်းမပြုနိုင်အောင် ဖြစ်ခဲ့ရကြောင်း
ပြည်သူ့လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်သော
ပါတီဗဟိုအလုပ်အမှုဆောင် သူရဦးအောင်ကိုကဆိုသည်။
ပါတီတွင်း စည်းလုံးညီညွတ်နေမှု အားနည်းနေခြင်းမှာ အမှန်ပင်ဖြစ်ပြီး
အထူးသဖြင့် အောက်ခြေပါတီ ၀င်များအကြားတွင် သဘာထားကွဲလွဲမှုများ၊
နားလည်မှုလွဲမှားခြင်းများ၊ အာဏာရှင်ဆန်ဆန် ပြုမူများ လည်းရှိနေသည်ကို
ကြားသိနေရပြီး ယခင်က အသင်းအဖြစ် ဆောင်ရွက်စဉ်တွင် ဗဟိုဦးစီးစနစ်ကျင့်
သုံးခဲ့ခြင်း၏ အကျိုးဆက် ဖြစ်နိုင်သည်ဟု ထင်မြင်ကြောင်း
ပါတီဗဟိုကော်မတီဝင်တစ်ဦးက လည်းပြောသည်။
““ပါတီအနေနဲ့က လက်ရှိမှာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေပါ တယ်။ အရင်ကတော့
အာဏာရှင်စနစ် ကျင့်သုံးခဲ့တာဆိုတော့ အဲဒီအရှိန်လေးကလည်း ရှိသေးတော့
ဒီလိုပွင့်လင်းလာတဲ့အချိန်မှာ နည်းနည်းလေး စည်းလုံးညီညွတ်မှုကို
ထိခိုက်နိုင်တဲ့သဘောပါ။ ဒါကို စိုးရိမ်ဖို့တော့ မဟုတ်ပေမယ့်
ပြုပြင်ရမယ့်အပိုင်းပါ””ဟု ၄င်းကဆိုသည်။
7Day Daily
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ