မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
▼
Thursday, December 19, 2013
ပန်းရဲ့ လမ်း၏ ခရီးစဉ်အတွင်းအလှူငွေမှာ မြိတ်မြို့ က အများဆုံးဖြစ်
**********************************
ပန်းရဲ့ လမ်းအဖွဲ့  ၏ မြန်မာပြည်အတွင်းရှိမြို့ နယ်များခရီးစဉ် အတွင်း အလှူခံရ ရှိငွေသည် မြိတ်မြို့ က အများဆုံးဖြစ်ကြောင်း မြိတ်ခရိုင် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့ စည်းထံမှ သိရှိပါသည်။
ခရီးစဉ်နောက်ဆုံးနေ့ ဖြစ်သော ဒီဇင်ဘာလ ၁၉ ရက်နေ့ အထိ အလှူခံရ ရှိငွေမှာ ကျပ်သိန်း၂၀၀ ရှိပြီဖြစ်သည်။
ယင်းအလှုငွေမှာ ယခင်က အများဆုံးဟု မှတ်တမ်းဝင်ထားသော မိတ္ထီလာ မြို့ ၏ ၁၈၅ သိန်း များကြောင်းသိရသည်။
ပန်းရဲ့ လမ်း၏ တနင်္သာရီတိုင်းဒေသကြီး ခရီးစဉ်အတွင်း ထားဝယ်မြို့ မှ ၇၁သိန်း ကျောက္ကာကျေးရွာအုပ်စုနဲ့ ပုလောမြို့ မှ ၃၅ သိန်း တကူနှင့်တနင်္သာရီ မြို့ က ၃၀ သိန်း မြိတ်မြို့ က ၂၀၀သိန်း အလှူငွေလက်ခံရ ရှိခဲ့သည်ဟု သိရသည်။
မြိတ်မြို့ အတွင်း အလှူခံ ရ ရှိငွေများကို အရပ်ဘက်အဖွဲ့ စည်းနှင့် NLD မှ ဒေသအတွင်း လိုအပ်သော ပညာရေး ကျန်းမာရေး နှင့် လယ်သမားအရေး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးအတွက် ထောက်ပံ လှူဒါန်းသွားမည်ဖြစ်သည်။
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ