မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Monday, January 20, 2014

ထားဝယ်မြို့နယ် အဖွဲ့ချုပ် အဖွဲ့ဝင်များ ကို တွေ့ဆုံရာတွင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားသော အမှာစကား

 ကျမတို့ပြောချင်တာက အခုဟာက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပက်သက်တဲ့ ပြုပြင်ပြောင်းလဲရေးဆိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တခုတည်းနဲ့ ဆိုင်တာတော့မဟုတ်ဘူး သာမန်လူတွေအားလုံးနဲ့ ဆိုင်တယ် ဒီလိုရှင်းလင်းပွဲတွေကိုရော ပြည်သူတွေအားလုံးတက်ကြရဲ့လား အဲဒီတော့ အားလုံးပါဝင်ရမယ် မြို့နယ်တိုင်းမြို့နယ်တိုင်းက ကိုယ့်ရဲ့ ကိုယ်စားလှယ်တွေကို ဘယ်ဘက်က ရပ်တည်မလဲဆိုတာမေးပိုင်ခွင့်ရှိရမယ် ပြည်သူတွေအနေနဲ့ မေးပိုင်ခွင့်ရှိရမယ် ဒါကိုယ်စားလှယ်ကလည်း ဖြေရမယ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ အားလုံးနဲ့ ဆိုင်တယ် အင်မတန်မှ အရေးကြီးတယ် ဒီကိုယ်စားလှယ်တယောက်ဟာ ပြင်ရေးပဲဖြစ်ဖြစ် မပြင်ရေးပဲဖြစ်ဖြစ် ဘာကိုပြင်ချင်တယ် ဘာကိုမပြင်ချင်ဘူးပဲဖြစ်ဖြစ် ဘာကြောင့်ဆိုတာကို ပြည်သူတွေကို ရှင်းပြနိုင်ရမယ် အဲဒီဟာ သူတို့ရဲ့တာဝန်ပဲ ပြည်သူတွေမှာလည်းအခွင့်အရေးရှိတယ် ဒီဟာကိုသိဖို့အတွက် အဲဒီကိစ္စကိုတော့အားလုံးကလုပ်စေချင်တယ် လောင်းလုံးကဆိုရင် လောင်းလုံကကိုယ်စားလှယ်ကို မေးပိုင်ခွင့်ရှိတယ် ၊ဘာတွေကိုပြင်ချင်တယ် ဘာကြောင့်ဆိုတာ ၊ မပြင်ချင်တဲ့သူကလည်း ဒါတွေကို ဖြေရှင်းချက်တောင်း ကျွန်တော်က ဘာကြောင့် ဘာကြောင့် မပြင်ချင်ဘူး ဆိုတာ ဖြေရှင်းချက်တောင်း တောငိးကု တောင်းပိုင်ခွင့်ရှိတယ် တောင်းရမယ် ဒီအတိုင်းပဲအများပြည်သူကလည်း ဒီအတိုင်းပဲ ၊တချို့မြို့နယ်တွေမှာဆိုရင် ဒါ ကျမတို့ပါတီ ကကိုယ်စားလှယ်ပေါ့ ၊ တခြား ကိုယ်စားလှယ်တွေကလည်း တန်းတူတာဝန်ရှိတယ် သူတို့လည်း သူတို့ရဲ့ပြည်သူတွေကို ရှင်းပြရမယ် သူတို့ပြောင်းချင်တယ် ဆိုရင် ဘာဖြစ်လို့ပြောင်းချင်တယ် ၊ မပြောင်းချင်ဘူးဆိုရင် ဘာလို့မပြောင်းချင်ဘူး ဘာကို မပြောင်းချင်ဘူးလဲဆိုတာ အဲဒီဟာကို အများက သိရမယ် ဒါရှင်းရှင်းလင်းလင်းဖြစ်ရမယ် ဘားအံမှာတုန်းကလည်း ပြောခဲ့ပြီပြီ ဒါကိုယ်စားလှယ်များမှာ တာဝန်ရှီတယ် သူတို့လုပ်ချင်မှလုပ်ရမယ့်သဘောမဟုတ်ဘူး လုပ်ကိုလုပ်ရမယ့် အလုပ် ဒီလောက်တောင် မှ အရေးကြီးတဲ့ကိစ္စမှာ ဘယ်ဘက်ကသူတို့ရပ်တည်လဲဆိုတာ သူတို့ကို မဲထည့်ခဲ့တဲ့ ပြည်သူတွေပေါ့ ဘယ်နည်းဘယ်ပုံ မဲထည့်ခဲ့လဲတော့မသိဘူး ပြည်သူတွေက မဲယူပြီး တတ်လာတဲ့ ကိုယ်စားလှယ်တွေပေါ့ မဲထည့်ခဲ့တဲ့ပြည်သူတွေကို ရှင်းကိုရှင်းပြရမယ် ရှင်းပြလို့ ရှိရင် ရှင်းပြတဲ့ အတိုင်း လုပ်တယ်ဆိုတာလည်း ထင်ရှားရမယ်။အဲဒါကိုတော့ တောင်းဆိုကြပါ။ကျွှန်မတို့ ဘက်ကတော့ ဘယ်သူကိုမှ ရှင်းပြဖို့ ဝန်မလေးဘူး။အားလုံးကို ရှင်းရှင်းလင်းလင်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ဘယ်ဘက်ကရပ်တည်တယ်။ဘယ်အချက်တွေကို ပြင်စေချင်တယ်။ဘာကြောင့် ပြုပြင်ချင်တယ်။တစ်ခုချင်း ၊ တစ်ခုချင်း ရှင်းပြထားတယ်။ဒါကိုလည်း ဘာမှ လို့ ဝှက်လုပ်ထားတာ မဟုတ်ဘူး။အားလုံးသိတယ်။
အကြံပြုတဲ့ နေရာမှ ဖြစ်နိုင်ချေလည်း ကြည့်တယ်။ဖြစ်သင့်တာကိုလည်း ကြည့်တယ်။ဖြစ်သင့်တာပဲ ဖိပြီး တခါတည်းလုပ်လို့ ရှိရင်လဲ အလုပ်က တကယ်တော့ လက်တွေ့ ကျကျ ဖြစ်ချင်မှ ဖြစ်မှာ။ဖြစ်နိုင်ချေပဲကြည့်ပြီး ဖြစ်သင့်တာကို မကြည့်လို့ ရှိရင် ဒါဟာတနည်းအားဖြင့် ပြည့်ဝတဲ့ လုပ်ငန်း လို့ ပြောလို့ မရဘူး။အဲဒီတော့ ဖြစ်နိုင်ချေကိုလည်း ကြည့်ရမယ်။ဖြစ်သင့်တာကိုလည်း ကြည့်ရမယ်။ဖြစ်သင့်တာအခြေခံပြီး အဲဒီထဲက ဖြစ်နိုင်ချေတွေကို ဘယ်လိုပုံစံနဲ့ လုပ်သွားမယ်ဆိုတာကို ကြည့်ပြီးတော့ အကြံပြုချက်တွေ တင်ထားတယ်။အဲဒီအကြံပြုချက်တွေကို အဖွဲ့ ချုပ်ရဲ့ အဖွဲ့ ဝင်တွေက တတ်နိုင်သမျှ ကျယ်ကျယ်ပြန့် ပြန့် သိဖို့ လိုတယ်။ဒါကိုလည်း အဖွဲ့ ချုပ်ဘက်က ကျယ်ကျယ်ပြန့် ပြန့် ဖြန့် ချိဖို့ လည်း ကြိုးစားမယ်။ဖြန့် ချိတိုင်းလဲ မပြီးသေးဘူး။ဖတ်တဲ့ သူကလည်း ဖတ်အုန်းမှ။သိမ်းထားပြီး မဖတ်မလေ့လာဆိုရင်လဲ အလကားပဲ။
အခုချိန်မှာ လူငယ်ညီလာခံတွေ လုပ်တော့မယ်နော် ။လူငယ်ညီလာခံတွေလုပ်မယ့်ကိစ္စနဲ့ ပတ်သတ်လို့ တစ်ခု ရှင်းပြပါရစေ။လူငယ်ညီလာခံတွေကို တစ်ချို့ က ဘယ်လိုပြောနေသလဲဆိုရင် လူငယ်ညီလာခံတွေလုပ်တာဟာ နောက်(၂၀၁၅)ရွှေးကောက်ပွဲအတွက် ကိုယ်စားလှယ်တွေ ရွှေးဖို့ အတွက်ဆိုတာ အဲဒါလုံးဝမဟုတ်ဘူးဆိုတာ သေသေချာချာ သဘောပေါက်ကြပါ။လူငယ်တွေထဲမှာ အရည်အချင်းရှိတဲ့ လူငယ်တွေကို ဖော်ထုတ်ဖို့ ၊ လူငယ်တွေအရည်အချင်းကို ဆထတပိုးတိုးအောင် လုပ်ပေးနိုင်ဖို့ အဲလိုစီမံကိန်းတွေထည့်ဖို့ အတွက်ပါ။လူငယ်ဆိုတာ တစ်နေ့ တစ်ချိန်တစ်ခါမှာ လူကြီးဖြစ်လာပြီး လူကြီးနေရာယူလာရမှာပဲ။နေရာယူရေး ၊ နေရာယူရေးပြောရင် ကျွှန်မလုံးဝမကြိုက်ဘူး။တာဝန်ယူရေးပဲပြောမယ်။တာဝန်ယူတတ်မှ တာဝန်ကိုကျေပွန်အောင် ထမ်းဆောင်နိုင်တဲ့ လူငယ်တွေမှ တစ်ချိန်တစ်ခါမှာ တကယ့်နိုင်ငံရဲ့ တာဝန်ကို ထမ်းလို့ ရအောင်လို့ လမ်းပွင့်လာမယ်။အခုဟာက (၂၀၁၅)ကိုယ်စားလှယ်ရွှေးဖို့ လူငယ်ညီလာခံက တတ်လာလို့ ငါတို့ တော့ ကိုယ်စားလှယ်ဖြစ်မယ်လို့ လုံးဝမစဉ်းစားနဲ့ ။အဲဒီအခါမှာ ကိုယ်မှာ အရည်အချင်း ဘယ်လောက်ရှိလဲ မရှိလဲဆိုတာ ပေါ်လာမှာ။ညီလာခံမတိုင်မီကတော့ ကောင်းပြီကောင်းရဲ့ နဲ့ ညီလာခံလဲပြီးရော အလုပ်မှန်မှန်မလုပ်တဲ့ သူတွေလဲ ရှိတယ်။အဲဒီတော့ လူငယ်တွေအားလုံးသတိပြုပါ။လူငယ်ညီလာခံဟာ ကိုယ်စားလှယ် ရွှေးဖို့ မဟုတ်ဘူး။လူငယ်တွေမှာ ဘယ်လောက်အရည်အချင်းရှိလဲ စမ်းသပ်ဖို့ ၊ ရှိတဲ့ လူတွေကို ပိုပြီးရှိအောင် ၊ မရှိတဲ့ သူတွေကို ရှိလာအောင် ကူညီနိုင်ဖို့ ဖြစ်တယ်။

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ