မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Thursday, January 2, 2014


သည်ခေတ်တွင် သည်ကာလ၊
ငွေစတဲ့ရှေ့ဆောင်၊
မွဲရင်ဖြင့်လူ့ဘောင်မှာ၊
ခွေးတောင်မှမလေး။
မျိုးဇာတိအနွယ်မှန်ပင်
ငွေဓနံရှိမှအေး။
ဘူးတောင်းနစ်စောင်းခြမ်းပေါ်
ပုံဆိုသော်မဝေး။
တစ်ဝမ်းဝင်တစ်မိမွေးသော်မှ
ပေးနိုင်မှချစ်ကြည်။
ဆွေမျိုးကိုမဆိုထားပါနှင့်
ငွေအားသာဖြစ်ပါတော့သည်။
ဗြဟ္မာစိုရ်လေးမီ
မတည်ကြည်ကုန်ကင်းလို့
ငွေအရင်းမင်းမူသည့်တာ
တင့်တယ်လှပါ။
လူရည်တတ်မျက်နှာငယ်
စက္ကဝါနှယ်ဝန်းသို့လေး။

+ အချုပ်တန်းဆရာဖေ (တေးထပ်၊ ကုန်းဘောင်ခေတ်)

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ