မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Wednesday, February 5, 2014

နောက်မကြာခင်မှာ တတိုင်းပြည်လုံး ဗိုလ်ချုပ်ပြောတဲ့ နိုင်ငံ ပီပီပြင်ပြင် ဖြစ်လာပါလိမ့်မယ်...

" KTV များကြောင့် တိုင်းဒေသကြီး အခွန်ငွေပိုမိုရရှိ၍ ဥပဒေနှင့်ညီညွတ်ပါ က အရေးမယူဟု စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီး ဦးသာအေး ပြောဆို"
======================================
ယခုနှစ် ဇန်န၀ါရီလ(၁)ရက်နေ့ နေ့လည်(၁၁)နာရီတွင် မုံရွာစက်မှုဇုန် အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ အစည်းဝေးအပြီးတွင် မုံရွာစက်မှုဇုန် တွင် ကေတီဗွီ များပေါများသည့်အပေါ် လုပ်ငန်းရှင်များမှ ၀န်ကြီးထံတင်ပြ ခဲ့ရာ ၀န်ကြီးချုပ်မှ ဒီကိစ္စတွေဟာ လူတစ်ယောက်ရဲ့ စိတ်ထွက်ပေါက်တစ် ခုလည်းဖြစ်တယ် ဖမ်းလို့မရပါဘူး ဥပဒေနဲ့မညီရင်တော့ဖမ်းမယ် ဥပဒေနဲ့ ညီညွတ်နေရင်မဖမ်းပါဘူး ဒီဆိုင်တွေက ရရှိတဲ့အခွန်ငွေတွေက တိုင်းဒေသ ကြီးကို အကျိုးရှိမှာပါလို့ ပြောကြားသွားခဲ့ကြောင်း အဆိုပါအလုပ်ရုံဆွေးနွေး
ပွဲသို့ တက်ရောက်ခဲ့သည့် စက်မှုလုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။
" ကျွန်တော်တို့ မုံရွာစက်မှုဇုန်ကို စက်မှုဇုန်လို့မခေါ်ကြတော့ပါဘူး ကြက်မှုဇုန်ဆိုပြီး အမည်ပြောင်တွေနဲ့ ခေါ်နေကြပါပြီ။ မနက်လင်းရင် စက်မှု ဇုန်လမ်းတွေပေါ်မှာ စကပ်တို ဘောင်ဘီတိုတွေ နဲ့လူမြင်လို့တောင် မှ မကောင်းပါဘူး။
စက်မှုဇုန်မှာ လုပ်ငန်းနဲ့ဆိုတော့ မိသားစုတွေလိုက်နေကြရတာတွေရှိ တယ်။သမီးပျိုတွေရှိတဲ့ မိသားစုတွေဆိုရင် အတုမြင်အတတ်သင်ဖြစ်မှာ ကို စိုးရိမ်နေကြရတယ်။
ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး ဆိုတဲ့စကားပုံလို ဒီလို မကောင်းတဲ့ကိစ္စတွေကို ၀န်ကြီးချုပ်ကို တင်ပြမိကာမှ ကျားထက်ဆိုးတဲ့ ၀န်ကြီးချုပ် ဦးသာအေး နဲ့ တွေ့နေရပါတယ်" မုံရွာစက်မှုဇုန်မှ လုပ်ငန်းရှင် တစ်ဦးက ဆိုပါတယ်။
စက်မှုဇုန်ရပ်ကွက် ကေတီဗွီ မာဆတ် ကိစ္စများနှင့်ပတ်သက်ပြီး မုံရွာမြို့နယ်တည်ငြိမ်အေးချမ်းရေးကော်မတီဝင်ဖြစ်သူ ဦးညိုအေး စက်မှုလုပ်ငန်းရှင်တစ်ဦးမှ ကန့်ကွက်စာတင်ရာတွင် ပါဝင်လက်မှတ်ရေးထိုး
ဘူးကြောင်းလည်းသိရသည်။
Aung Nay Myo's status.

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ